သရုပ်ဆောင် မင်းသမီးချော ခင်သဇင်ကတော့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့သူလေးပဲ ဖြစ်ပါတယ် ။ ရုပ်ရည်လေးကလည်း ပြစ်ချက်မရှိလှပသလို စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် သူမကို ချစ်ခင်သူ အတော်များများရှိနေတာပါနော်။ ခင်သဇင်က ပရဟိတ လုပ်ငန်းတွေမှာလည်း တက်အားသရွှေ့ကူညီဆောင်ရွက်ပေးတါကိုလည်း တွေ့ရပါတယ်။

Photo credit - Khin Thazin's fb account
Photo credit - Khin Thazin's fb account

ခင်သဇင်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ညှို့အားပြင်းလွန်းတဲ့ အကြည့်တွေက ပုရိသတို့ရဲ့ အသည်းကို ဖမ်းစားထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရုပ်ရှင်ရိုက်ကူးရေးတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ နွေးထွေးပျော်ရွှင်စွာနေထိုင်နေတာလည်း ဖြစ်ပါတယ်။ အိမ်မှာနေရင်း သူမက အပျင်းပြေမုန့်တွေလုပ်စားကာ အားတဲ့အချိန်လေးတွေမှာလည်း စာအုပ်တွေကို ဖတ်နေတာပါနော်။

Photo credit - Khin Thazin's fb account
Photo credit - Khin Thazin's fb account

ယခုမှာလည်း ခင်သဇင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " မင်းက ဆရာမကြီး ဝတ္ထုတွေ လိုပဲ တစ်ကြောင်းလေး စဖတ်မိတာနဲ့ တစ်အုပ်လုံး လက်က မချချင်အောင် စွဲသွားစေတာမျိုး လား " ဆိုတဲ့ စာသားလေးနဲ့အတူ စာအုပ်ကို စိတ်ဝင်စားစွာ ဖတ်ရှုနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ကြည့်ကောင်းနေတာကြောင့် ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။

Photo credit - Khin Thazin's fb account
Photo credit - Khin Thazin's fb account

Source & Photo credit - Khin Thazin's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။