မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ သန္တာဗိုလ်ကတော့ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရယူထားပြီး ပရိသတ်အချစ်တွေကို အပြည့်အဝရယူထားနိုင်တဲ့ သူလေးပါ။ သူမ​က မင်းသမီးချောရတနာရဲ့ ညီမအရင်းဖြစ်ပြီး အမဖြစ်သူနဲ့အတူ အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေပြီး ပွဲအခမ်းအနားတွေကိုလည်း ညီအမနှစ်ယောက်က အမြဲလှပစွာ တက်ရောက်​နေတာလည်း ဖြစ်ပါတယ်။ 

Photo credit - ThandarBo's facebook account

သန္တာဗိုလ်က အနုပညာလောကမှာ အောင်မြင်ကျော်ကြားရုံသာမကပဲ အချစ်ရေးမှာလည်း လူအများအားကျရတဲ့အချစ်ရေးကို မင်းသားချော ကောင်းပြည့်နဲ့အတူ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ သူမက မကြာခဏဆိုသလို အနုပညာလှုပ်ရှားမှုလေးတွေနဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ အမြဲလိုလို မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။ 

Photo credit - ThandarBo's facebook account

ယခုမှာလည်း သန္တာဗိုလ်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ လှပတဲ့ ပန်းဆီရောင် ဝတ်စုံလေးကို ဝတ်ဆင်ပြီး " ရင်ထဲလဲဝင်ကြည့်ဦး My dayပဲကြည့်မနေနဲ့ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေတိုင်းက ပြစ်မျိုးမဲ့မထင် လှပနေတာကြောင့် ချစ်ပရိသတ်ကြီးက ကြည့်ရှုပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ ဒါ့အပြင် ပရိသတ်တွေက သန္တာဗိုလ်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - ThandarBo's facebook account
Photo credit - ThandarBo's facebook account

Source & Photo credit - ThandarBo's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။