Makeup artist တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေတဲ့ သူလေးကတော့ ဟန်နာယူရီပဲ ဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးလေး တစ်ယောက်လို ဖြူဝင်းတဲ့ အသားအရည်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမက ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူလေးပါ။ စကားလည်း တက်လွန်းတဲ့ ဟန်နာယူရီကတော့ ပုရိသတို့အသည်းစွဲ အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်.......။

Photo credit - Hannayuri's facebook page
Photo credit - Hannayuri's facebook page

လက်ရှိမှာတော့ သူမက makeup tutorial လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ မကြာခဏဆိုသလို မျှဝေပေးလျှက်ရှိနေတာပါနော်...။ ပရိသတ်တွေကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟန်နာယူရီက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်......။

Photo credit - Hannayuri's facebook page
Photo credit - Hannayuri's facebook page

မကြာသေးမီအချိန်က ဟန်နာယူရီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " ဒီလိုအချိန်တွေမှာအားငယ်တိုင်းအရှုံးမပေးနဲ့ တစ်ယောက်အကြောင်းတစ်ယောက်စဉ်းစားနေပါကွယ် မကြောက်စမ်းနဲ့အနားမှာလေကိုယ်ရှိတယ် နောက်မဆုတ်နဲ့အနားမှာလေကိုယ်ရှိတယ် တိုးတိုးလေးအားပေးစကားပြောနေမယ် " ဆိုတဲ့ စာသားလေးနဲ့အတူ လွန်ခဲ့တဲ့ ၃နှစ်က ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ဟန်နာယူရီရဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်ပိုမိစေမှာအသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Hannayuri's facebook page

Source &Photo credit - Hannayuri's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။