ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့မှာကျင်းပခဲ့တဲ့ ချန်ပီယံဗိုလ်လုပွဲကို ဂျူဗင်တပ်နဲ့ရီးရဲမက်ဒရစ်နဲ့ဗိုလ်လုပွဲက ရီးရဲမက်ဒရစ်က ဂျူဗင်တပ်ကို ၄-၁ဂိုးရလဒ်ဖြင့် အနိုင်ယူကာချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ရီးရဲမက်ဒရစ်အသင်းနှင့်တိုက်စစ်မှူးစီရော်နယ်ဒို အနေဖြင့် ချန်ပီယံလိဂ်စံချိန်အသစ်တွေထပ်မံတင်နိုင်ခဲ့ပါတယ်။

-ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားအများဆုံးရအသင်းအနေ့ဖြင့် စံချိန်တင် ၁၂ လုံးရရှိထားပါတယ်။

-ရီးရဲမက်ဒရစ်အသင်းအနေဖြင့် ချန်ပီယံလိဂ်မှာ ရဂိုး၅ဝဝပြည့် ပထမဆုံးအသင်းဖြစ်လာပါပြီ။

-ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လာလီဂါနဲ့ချန်ပီယံလိဂ်အတူရသည်မှာ ၂၀၁၆/၁ရဘောလုံးရာသီသည်ဒုတိယတစ်ခါဖြစ်ပြီး ပထမအခါမှာ ၁၉၅၇/၅၈ ရာသီကဖြစ်သည်။ 

-ရီးရဲမက်ဒရစ်အသင်းသည်ချန်ပီယံလိဂ်ဖလား၂နှစ်ဆက်တိုက်ရပထမဆုံးအသင်းဖြစ်လာသည်။

-ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် ချန်ပီယံလိဂ်ဖလား၂နှစ်ဆက်တိုက်ရအောင်စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။

-ရီးရဲမက်ဒရစ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးဆုကို ၅နှစ်ဆက်တိုက်ရယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါပြီ။

-၂၀၁၂/၁၃ ချန်ပီယံလိဂ်ရာသီကစပြီး ရီးရဲမက်ဒရစ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုအနေဖြင့် ဂိုးအပေါင်းဂိုးဖန်တီးမှုအခါ ၈၄ခါရှိထားပြီး အနီးစပ်ဆုံးဒုတိယမက်ဆီမှာမူ ၅၃ခါသာရှိသည်။

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။