ယမန်နေ့က စပိန်လာလီဂါချန်ပီယံ ရီးရဲမက်ဒရစ်အသင်းနဲ့အတူဂျူဗင်တပ်အသင်းကိုအနိုင်ယူပြီး စံချိန်တင် ချန်ပီယံလိဂ်ဖလား၂နှစ်ဆက်တိုက်ရခဲ့တဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့အနေဖြင့် အသက်ကြီးပြီလို့မထင်ဘဲ အသက်ဆိုတာကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ကိုယ့်ကိုကိုုယ်လူငယ်လေးတစ်ယောက်လိုပဲခံစားမိပါတယ်ဆိုပြီး ပေါ်တူဂီတိုက်စစ်မှူးက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့မှာကျင်းပခဲ့တဲ့ ချန်ပီယံဗိုလ်လုပွဲဖြစ်တဲ့ ဂျူဗင်တပ်နဲ့ရီးရဲမက်ဒရစ်ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုက ခြေစွမ်းပြကစားခဲ့ပြီး မိနစ်၂ဝမှာကာဗာဂျယ်ရဲ့ပေးပို့ကနေအဆုံးသတ်ပြီးဂိုး၁ဂိုးသွင်းယူခဲ့ကာ ထပ်မံပြီး ပွဲချိန်မိနစ်၆၄မှာ မိုဒရစ်ရဲ့ပေးပို့မှုကနေနောက်ထပ်၁ဂိုးသွင်းပြီး စုစုပေါင်း၂ဂိုးသွင်းကာ ၄-၁ဂိုးဆိုသောရလဒ်ဖြင့် အနိုင်ယူကာ ရီးရဲမက်ဒရစ်ဖလားရအောင် ရော်နယ်ဒိုက အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။

ဗိုလ်လုပွဲအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ စီရော်နယ်ဒိုကပင် ထပ်မံဆွတ်ခူးခဲ့ပြီး အဆိုပါဆုကိုတော့ ရော်နယ်ဒိုရဲ့ဆရာဟောင်းမန်ချက်စတာဂန္တဝင်နည်းပြကြီးဆာအဲလက်ဖာဂူဆန်က စီရော်နယ်ဒိုကို ပေးအပ်ခဲ့ပါတယ်။ ရော်နယ်ဒိုက လူငယ်လေးတစ်ယောက်လိုခံစားဆဲလို့ဆိုခဲ့သည့်အပြင် ဝေဖန်မှုတွေကိုစိတ်ထဲမထားဘဲ သူ့ရဲ့စွမ်းဆောင်ရည်ကိန်းဂဏန်းတွေက သက်သေတွေပါပဲဟု ပြောကြားခဲ့သည်။

Source-Sky Sports

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။