အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာထိ အောင်မြင်စွာ ရပ်တည်နေတဲ့ မင်းသား နိုင်းနိုင်းကတော့ ယခုအချိန်ထိ အနုပညာလှုပ်ရှားမှုတွေ ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေတဲ့ သူပါ။ နိုင်းနိုင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေပြီး သူရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်နေရာကို အခိုင်အမာရယူထားနိုင်တဲ့ မင်းသားတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။ 

Photo credit - Actor99's facebook page
Photo credit - Actor99's facebook page

နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားတွေက ဆက်တိုက်လုပ်ဆောင်နေရပေမယ့် သူအားလပ်တဲ့ အချိန်လေးတွေမှာ မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်းနိုင်းရဲ့ ဇနီး စန္ဒီချိုကလည်း ဇနီးကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သားသမီး လေးယောက်ကလည်း သိတက်လိမ္မာတာကြောင့် နိုင်းနိုင်းတို့ မိသားစုလေးက အမြဲ ကြည်နှုးစရာတွေနဲ့ ပြည့်နေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Actor99's facebook page
Photo credit - Actor99's facebook page

လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် နိုင်းနိုင်းက အနုပညာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားရတာပါနော်။ နိုင်းနိုင်းက အခုလိုရောဂါတွေ ဖြစ်နေချိန်မှာ " အခုအချိန်မှာ အရေးကြီးဆုံးက.. ကျန်းမာရေးပါ။ ကျန်းမာရင် ဘာမဆို ပြန်စလို့ရပါတယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းက တစ်လောကလုံးကို ကူညီရာရောက်ပါတယ်။ ကျွန်တော်လဲ ချစ်သောသူများအတွက် အသက်ရှင်သန်နေရပါဦးမည်" ဆိုတဲ့ စာသားလေးကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာကြောင့် ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Actor99's facebook page
Photo credit - Actor99's facebook page

Source & Photo credit - Actor99's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။