Forever groupက ရိုက်ကူးတင်ဆက်တဲ့MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်​ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုလေးအတွင်းအောင်မြင်မှုများစွာ ရယူသိမ်းပိုက်ထားတဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ် ။ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

Photo credit - Poe Kyar Phyu Khin's facebook account
Photo credit - Poe Kyar Phyu Khin's facebook account

အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ပိုးကြာဖြူခင်က ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရပြီး ပွဲအခမ်းအနား အတော်များများရဲ့ ဖိတ်ကြားခြင်းကိုလည်း ခံရတဲ့ သူပါနော်။ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်.....။

Photo credit - Poe Kyar Phyu Khin's facebook account
Photo credit - Poe Kyar Phyu Khin's facebook account

ပိုးကြာဖြူခင် သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျှက်ရှိနေပြီး ယခုမှာလည်း " မ နဲ့တူတူ ဘုရားသွားရအောင်လေ" ဆိုတဲ့ Caption လေးနဲ့အတူ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ကာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေတိုင်းက ကြည့်ကောင်းနေတာကြောင့် ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Poe Kyar Phyu Khin's facebook account
Photo credit - Poe Kyar Phyu Khin's facebook account

Source & Photo credit - Poe Kyar Phyu Khin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။