ပုရွက်‌ဆိတ်‌လေးတစ်‌‌ကောင်‌သို့လွမ်‌းခြင်‌း-အယ်‌ဖြူ


အယ်‌ဖြူကဆရာမြသန်‌းတင်‌့ကိုအရမ်‌းကြိုက်‌တာ။သူကစာ‌တော်‌‌တော်‌ဖတ်‌တယ်‌။‌တောင်‌ကြီးမှာရစ်‌သမ်‌ဆိုတဲ့စာအုပ်‌ဆိုင်‌ရှိတယ်‌ဗျ။သူနဲ့ကျ‌နော်‌

ရစ်‌သမ်‌‌အောက်‌ကလက်‌ဖက်‌ရည်‌ဆိုင်‌မှာတ‌နေကုန်‌တ‌နေခမ်‌းရစ်‌သမ်‌ကစာအုပ်‌‌တွေဌားရင်‌းစာဖတ်‌ခဲ့ကြတာ‌ပေါ့။တစ်‌ခါတ‌လေဒိုးလုံးတို့ဘာတို့လည်‌းလာတာ‌ပေါ့။သူနဲ့ကျွန်တော် သီချင်းတွဲရေးဖြစ်တဲ့ကာလတွေက သီချင်းရေးပြီးလို့အားရင် လက်ဘက်ရည်ဆိုင်ထိုင်မယ်၊သီချင်းနားထောင်မယ်၊ဗီဒီယိုအခွေလေးတွေရလာရင် အတူကြည့်ကြတယ်။သိပ်ကိုနေပျော်လို့ကောင်းတဲ့အချိန်ကာလတွေပါပဲ။ နောက် ကျနော်တို့သီချင်းနားထောင်ရင်လည်း သူအကြိုက်ဆုံးဖြစ်တဲ့Queenအခွေကို နားထောင်ဖြစ်တယ်။Queenထွက်သမျှအခွေကိုလည်း မလွတ်တမ်းနားထောင်တယ်။မြန်မာသီချင်းတွေထဲမှာဆိုရင် ကိုငှက်ရဲ့"နာရီပေါ်ကမျက်ရည်စက်များ"အခွေကို အရမ်းကြိုက်ခဲ့တယ်။ဂျက်မြသောင်းကိုလည်း ကြိုက်တယ်။နောက်ပိုင်း ဇော်ဝင်းထွဋ်ရဲ့"လမ်းသစ်"တို့ဘာတို့ ထွက်လာတော့လည်း ကြိုက်တာပဲ။နောက်ပိုင်း မျိုးကျော့မြိုင်ထွက်လာတော့ ကျွန်တော်တို့ သီချင်းတော်တော်တွဲရေးဖြစ်နေပြီ။

ဒီစကား‌တွေကမောင်‌‌ဇော်‌လတ်‌ကအယ်‌ဖြူအ‌ကြောင်‌းတခုတ်‌တရ‌ပြောခဲ့တာ‌တွေ‌ပေါ့။ 


"‌ရောင်‌စုံ‌ချောကလက်‌" "နှံ‌ကောင်‌‌လေးရဲ့‌နွေဦးပုံပြင်‌"‌တွေထဲက အယ်‌ဖြူအ‌ကြောင်‌း

ဟာကျ‌နော်‌တို့အခု‌ခေတ်‌ရဲ့သီချင်‌း‌တွေကိုနား‌ထောင်‌ရတာစိတ်‌အလိုမကျတိုင်‌း‌ပြောဖြစ်‌တာ‌တွေ‌ပေါ့။

အယ်‌ဖြူ‌ရေမင်‌းဟာဖြစ်‌ဖဲဗျလို့ကိုမျိုး‌ဆွေသန်‌း‌ပြောသလိုပါပဲ။

‌ဇော်‌ဝင်‌းထွတ်‌ရဲ့ခြောက်ခန်းသွားတဲ့ အိပ်မက်မြစ်၊ လေးဖြူရဲ့ လိပ်ပြာ၊ည‌နေကြယ်‌၊ထူးအိမ်‌သင်‌ရဲ့အလင်‌းဆိုင်‌၊

အယ်နောင်းက အရိပ်မျာ၊ မင်းမရှိရင် မဖြစ်လို့၊  အောင်ရင်

အိမ်အလွမ်းတဲ့ စတဲ့သီချင်‌း‌တွေကိုဖန်‌တီးခဲတဲ့အယ်‌ဖြူဟာ

'ဖြစ်‌ဖဲ'တစ်‌ချပ်‌ပါပဲ။



ပြီးခဲ့တဲ့‌မေလ ၂၇ ရက်‌‌နေ့ဟာအယ်‌ဖြူဆုံးတာ ၁၃ နှစ်‌ပြည်‌့‌ပေါ့။

ပုရွက်‌ဆိတ်‌လေး တစ်‌‌ကောင်‌မရှိ‌တော့တာကြာပါပြီ။

ကို‌ဇော်‌လတ်‌ကြီးလည်‌းသီချင်‌း‌တွေမ‌ရေး‌တော့ပါဘူး။

အခု‌ခေတ်‌ရဲ့သီချင်‌း‌တွေနား‌ထောင်‌ရတာစိတ်‌အခန်‌့မသင်‌့တိုင်‌း

ကျွန်‌‌တော်‌တို့အယ်‌ဖြူကိုသတိရတတ်‌ကြပါတယ်‌။

အယ်‌ဖြူသို့....


Source-The ants fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။