MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုလေးအတွင်း ပရိသတ်ရဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ရွှန်းလက် ပဲ ဖြစ်ပါတယ်။ လှပတဲ့ ဆံနွယ်ရှည်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

Photo credit- Kaung Khant

ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးတွေကိုသာအများဆုံး ဝတ်လေ့ရှိတဲ့ နေခြည်ရွှန်းလက်က စကားပြောဆို ယဥ်ကျေးပြီး ချစ်စရာကောင်းတဲ့ အမှုအရာလေးတွေကိုလည်း ပြုမှုတက်တာကြောင့် ပရိသတ်သာမကပဲ အနုပညာရှင် အချင်းချင်းကပါ ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က မကြာခဏဆိုသလို သူရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo credit- Kaung Khant

ယခုလက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါရင်း " ဘာမှမလိမ်းထားတဲ့ Snap စစ်စစ်တွေလာပါပြီ အုန်းမုတ်ခွက်ကေက လက်ဆောင်ပါ " ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက လှနေတာကြောင့် ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ နေခြည်ရွှန်းလက်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit- Kaung Khant
Photo credit- Kaung Khant

Photo credit- Kaung Khant 

Source- Nay Chi Shoon Lak's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။