အကြမ်း၊အနု ဇာတ်စုံရတဲ့ သရုပ်​ဆောင် မင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုတ်ကို ပီပြင်အောင် သရုပ်ဆောင်တက်တာကြောင့် ပရိသတ်အားပေးမှုကို အပြည့်အဝရရှိပြီး အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ သူတစ်ယောက်ပါနော်။ သရုပ်တောင် ထူးချွန်လွန်းတာကြောင့် အကယ်ဒမီ ရွှေစင်ရုပ်ထုကြီးကိုလည်း ထိုက်တန်စွာ ရရှိထားတဲ့ သူတစ်ယောက်လည်း​ဖြစ်ပါတယ်......။

Photo credit - မြင့်မြတ် ဖေ့ဘွတ်
Photo credit - မြင့်မြတ် ဖေ့ဘွတ်

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့ မြင့်မြတ်က သူအားလပ်တဲ့ အချိန်လေးတွေမှာ မိသားစုကို အချိန်ပေးကါ ပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။ သူရဲ့ သားလေးဖြစ်တဲ့ မြတ်သူကလည်း အဖေတူသားလေးဖြစ်ပြီး အသည်းယားစရာကောင်းတာကြောင့် မြင့်မြတ်တစ်ယောက် သည်းသည်းလှုပ်ဖြစ်နေတာလည်းဖြစ်ပါတယ်။ သားသားလေး မြတ်သူရဲ့ ပုံလေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်....။

Photo credit - မြင့်မြတ် ဖေ့ဘွတ်
Photo credit - မြင့်မြတ် ဖေ့ဘွတ်

အခုလက်ရှိမှာလည်း နံနက်စောစောထကာ လမ်းလျောက်ထွက်နေတဲ့ သားသားလေးရဲ့ ပုံလေးတွေကို တင်ပေးလါရင်း " မင်္ဂလာရှိသောနံနက်ခင်းမှာ လမ်းလျှောက်ရတာ ပျော်နေတဲ့ ချစ်တုံးကြီး" ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက အသည်းယားစရာ​ကောင်းနေတာ​ကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်.. ။ သားသားလေးမြတ်သူရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - မြင့်မြတ် ဖေ့ဘွတ်

Source & Photo credit - မြင့်မြတ် ဖေ့ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။