နေရာတစ်နေရာချင်းစီမှာ ကျောချမ်းဖွယ်ကောင်းတဲ့ သူ့အတိတ်နဲ့သူ ရှိနေတဲ့အတွက် စိတ်ဝင်စားဖို့လဲကောင်းသလို ကြောက်ဖို့လဲကောင်းပါတယ်။

၁။ Sedlec Ossuary

ချက်နိုင်ငံရဲ့ သချုႋင်းတစ်ခုအတွင်းမှာတည်ရှိတဲ့ အဆိုပါ ခရစ်ယာန်ဘုရားကျောင်းဟာ သချုႋင်းအတွင်းရှိ လူသေအလောင်းတွေရဲ့အရိုးကို သန့်စင်၊ စွဲကပ်နေတဲ့ ပရလောကသားတွေမရှိအောင် ဘုရားနည်းနဲ့ချွတ်ပြီး ဘုရားကျောင်းအတွင်းမှာ အလှဆင်ပစ္စည်းအနေနဲ့ ထားရှိထားတာဖြစ်ပါတယ်။

၂။ အရုပ်ကျွန်း

မက္ကဆီကိုနိုင်ငံမှာရှိတဲ့ အရုပ်ကျွန်းဟာ ခြောက်ခြားစရာကောင်းတဲ့ နေရာအနေနဲ့ ကမ္ဘာကျော်ပါတယ်။ အဆိုပါကျွန်းမှာ မိန်းကလေးငယ်တစ်ဦးရေနစ်သေပြီးနောက် သူမကိုအမှတ်ရတဲ့အနေနဲ့ အရုပ်တွေထားရှိရာကနေ နောက်ပိုင်း ကြောက်စရာအရုပ်တွေများလာခဲ့ပြီး ကျွန်းတစ်ခုလုံး အရုပ်တွေနဲ့ပြည့်နေခဲ့တာပဲဖြစ်ပါတယ်။

၃။ Aokigahara Forest

ဂျပန်မှာရှိတဲ့ ဒီသစ်တောဟာ လူတွေကိုယ့်ကိုကိုယ် လာရောက်အဆုံးစီရင်ရာအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လူတွေ ဒီသစ်တောမှာ ကိုယ်​့ကိုယ်​ကို သေကြောင်းကြံမှုများလွန်းတာကြောင့် အစိုးရအနေနဲ့ သစ်တောဝန်းကျင် ထိန်းကွပ်မှုတွေထားပြီး ပိုစတာတွေကပ်ပြီး သတိပေးရတဲ့အထိပါပဲ။

၄။ အစက်တွေနဲ့ ထူးဆန်းတဲ့ရေကန်

ကနေဒါမှာရှိတဲ့ အဆိုပါရေကန်ဟာ ထူးဆန်းတဲ့အစက်တွေကြောင့် ကြောက်စရာကောင်းပြီး နာမည်ကျော်ပါတယ်။ ဒီရေကန်အတွင်းမှာ Magnesium Sulphate, Silver, Calcium အစရှိတဲ့ ဓာတ်သတ္တုပျော်ဝင်မှုများလွန်းတာကြောင့် ရေကန်အနားကို လူတွေသွားရောက်ခွင့် တားမြစ်ထားတယ်လို့ဆိုပါတယ်။

၅။ Darvaza gas crater

ငရဲပြည်သို့ အဝင်ဝရယ်လို့ နာမည်ကြီးလွန်းလှတဲ့ အဆိုပညတွင်းဟာ ၁၉၇၁ခုနှစ်ကနေစပြီး မြေကြီးကျွံရာငနေ အဆိပ်ရှိတဲ့ဓာတ်ငွေ့တွေထွက်လာခဲ့ပြီး မီးလောင်နေတာ ၄၆နှစ်ကြာရှိပြီဖြစ်ပါတယ်။

၆။ Hoia Forest

ရိုမေးနီးယားမှာရှိတဲ့ ဒီသစ်တောဟာ UFO ခေါ် ဂြိုဟ်သားယာဉ်ပျံတွေမကြာခဏတွေ့ရတတ်တယ်လို့ နာမည်ကြီးတဲ့နေရာပါ။ ပတ်ဝန်းကျင်ကလူတွေအပြောအရ ဒီသစ်တောထဲ ကြာကြာနေမယ်ဆိုရင် ခေါင်းမူးလာတာ၊ စိတ်လှုပ်ရှားတာ၊ ခန္ဓာကိုယ်မှာ အလာဂျစ်ဖြစ်လာတာ အစရှိတာတွေဖြစ်တတ်တဲ့အတွက် တောအတွင်း ဘယ်သူမှ ကြာကြာမသွားနိုင်ဘူးလို့ ဆိုကြပါတယ်။ 

၇။ Overtoun Bridge

စကော့တလန်မှာရှိတဲ့ ဒီတံတားဟာ ခွေးသေတံတားရယ်လို့နာမည်ကြီးပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ဒီတံတားပေါ်ကနေ သူတို့အချစ်တော်ခွေးလေးတွေနဲ့မဖြတ်ရဲကြပါဘူး။ ဒီတံတားပေါ်ရောက်တိုင်း ခွေးလေးတွေ တံတားပေါ်ကနေ ခုန်ချသေတာ များလို့ပါ။ တံတားရဲ့ တူညီတဲ့တစ်နေရာတည်းကပဲ ခုန်ချတတ်တယ်လို့လဲ ဆိုပါတယ်။

၈။ Poveglia Island

အီတလီမှာရှိတဲ့ ဒီကျွန်းဟာ ပလိပ်ရောဂါဖြစ်တဲ့သူတွေကို ထိုကျွန်းကိုပို့စေပြီး သေဆုံးစေခဲ့တယ်လို့သိရပါတယ်။ ၁၉၂၂ကနေ ၁၉၆၈အတွင်း ကျွန်းမှာ စိတ်ရောဂါကုဆေးရုံရှိခဲ့ပြီး ဆေးရုံအုပ်ဖြစ်သူဆရာဝန်ကိုယ်တိုင် ကူးသွားခဲ့ပြီး တာဝါပေါ်ကနေ ခုန်ချသတ်သေခဲ့တယ်လို့သိရပါတယ်။

၉။ Christ of the Abyss

၁၉၆၅ခုနှစ်မှာ အနုပညာပြပွဲအတွက်ထုလုပ်ခဲ့တဲ့ ဒီခရစ်တော်ရုပ်တုကြီးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရေထဲနစ်မြုပ်သွားခဲ့ပြီး ခုချိန်ထိရေအောက်မှာ ရေငုပ်သမားတွေကို ခြောက်လှန့်စေနိုင်တဲ့ ရုပ်တုတစ်ခုအနေနဲ့ရှိနေပါတယိ။

၁၀။ Ghost Town Centralia

အမေရိကန်အတွင်းတည်ရှိတဲ့ ဒီ Ghost town ဟာ ကမ္ဘာကျော်ရုပ်ရှင် silent hill ကို ရိုက်ကူးခဲ့ရာနေရာလဲဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်မှာ ကျောက်မီးသွေးတွင်းတစ်ခုမှာ မီးသတ်သမားတွေဟာ အမှိုက်ကိုမီးရှို့ရာကနေ ကြီးမာတဲ့ မြေအောက်အတွင်းမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ခုချိန်ထိလောင်နေသေးတယ်လို့ သိရပါတယ်။  

၁၁။ Ghost City Ordos Kangbashi

တရုတ်ပြည်မှာရှိတဲ့ အဆိုပါမြို့သစ်ဟာ လူနှစ်သန်းနေထိုင်နိုင်ဖို့တည်ဆောက်ထားတာဆိုပေမယ့် မြေနေရာစျေးကြီးတာနဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေကြောင့် လူနှစ်သောင်းသာနေထိုင်ပြီး တိတ်ဆိတ်တဲ့ မြို့ကြီးတစ်မြို့ဖြစ်လို့နေပါတယ်။

၁၂။ Garden of Bomarzo

၁၅၄၈ခုနှစ်နဲ့ ၁၅၈ဝဝန်းကျင်ကြား ဖန်တီးခဲ့တဲ့ ဒီဥယာဉ်ဟာ ဂရိနတ်ဘုရားတွေဖြစ်တဲ့ ဟာကြုလီ၊ အဖရိုဒိုက်အစရှိတဲ့ နတ်ဘုရားရုပ်တုကြီးတွေကြောင့် ထူးခြားတဲ့ နေရာတစ်နေရာဖြစ်ခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဒီဥယာဉ်ကို မကောင်းဆိုးရွားဥယာဉ်လို့သတ်မှတ်ပြီး ရုပ်တုတွေနဲ့ ကြောက်စရာနေရာတစ်နေရာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

၁၃။ Hand of the Desert

ချီလီနိုင်ငံမှာရှိတဲ့ ၁၁မီတာမြင့်တဲ့ ဒီလက်ဖဝါးရုပ်တုဟာ အထီးကျန်ဆန်ခြင်း၊ ဝမ်းနည်းပူဆွေးတာတွေ အစရှိတာတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ထုလုပ်ခဲ့တာဖြစ်ပြီး သဲကန္တာရအတွင်း လက်ကြီးရုတ်တရက်တွေ့ရင်တော့ မြင်သူတိုငိးလန့်မိမှာသေချာပါတယ်။

၁၄။ The Hill of Crosses

Lithuania မှာရှိတဲ့ ဒီတောင်ကုန်းဟာ လက်ဝါးကပ်တိုင်တွေနဲ့ ခြေချစရာမရှိအောင်ကို ပြည့်နေပါတယ်။ အကြောင်းရင်းကတော့ အဆိုပါတောင်ကုန်းမှာ လက်ဝါးကပ်တိုင်လာထားတဲ့လူတိုင်း တောင်းနဲ့ဆုနဲ့ ပြည့်တတ်လို့ပါတဲ့။

သတင်းအရင်းမြစ် Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။