သရုပ်​ဆောင် မင်းသမီးချော ဘေဘီမောင်ကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဗီဒီယို ဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အပြည့်အဝရရှိကာ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူတစ်ယောက်ပါနော်။ သရုပ်ဆောင်ရာမှာလည်း ပီပြင်လွန်းတဲ့အပြင် အဝတ်အစားတွေကိုလည်းဖက်ရှင်ကျကျ ဝတ်ဆင်တက်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။

Photo credit - Baby Maung's Facebook account

ဘေဘီမောင်က အချိုးအစားပြေပြစ်လှပတဲ့ ကိုယ်ခန္ဓာ ကို ပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း ပြစ်ချက်မရှိလှပတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ရုပ်ရည်လေးကလည်း လှပသလို စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် လူအများရဲ့ အချစ်ကို အခိုင်အမာရယူထားနိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo credit - Baby Maung's Facebook account

ဘေဘီက မကြာခဏဆိုသလို သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေကို မျှဝေပေးလျှက်ရှိနေပြီး ယခုလက်ရှိမှာလည်း " သဘောကောင်းတဲ့ငါလေးကချစ်စရာလေးခ်ခ်အပြင်မှာသဘောကောင်းပြီးချစ်စရာကောင်းတယ်လိုပြောကြလို့ ပျော်လိုက်တာ" ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်ကြီးက ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

Source & Photo credit - Baby Maung's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။