ယခုနှစ် ချန်ပီယံလိဂ်ဖလားနဲ့လာလီဂါဖလားရ စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းရဲ့အဓိကကစားသမား ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်က သူ့အနေဖြင့် ရီးရဲမက်ဒရစ်အသင်းမှာပျော်ရွှင်နေပြီး မန်ချက်စတာယူနိုင်တက်ကိုပြောင်းမယ်လို့ ထွက်ပေါ်နေတဲ့သတင်းများကိုငြင်းဆိုလိုက်ပါတယ်။

ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ကောလဟာလအချို့အရ ရီးရဲမက်ဒရစ်အသင်း၏ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ယူရိုပါလိဂ်ဖလားချန်ပီယံ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုင်တက်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း၁ရာကျော်ဖြစ် ခေါ်ယူဖွယ်ရှိနေကြောင်း ဘောလုံးလောကမှာ သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိနေပါတယ်။

ရီးရဲမက်ဒရစ်အသင်းကစားသမား ဂါရတ်ဘေးလ်သည် ၂၀၁၃ခုနှစ်အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ကလပ်တော့တီဟမ်စပါးအသင်းကနေ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်၈၅သန်းဖြင့် ရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ထို့ပြင် ဂါရတ်ဘေးလ်သည် ၂၀၁၆အောက်တိုဘာလက ရီးရဲမက်ဒရစ်အသင်းနဲ့ တစ်ပတ်လုပ်အခွန်နှုတ်ပြီး ပေါင် ၃သောင်းခွဲဖြင့် ၂၀၂၂ထိစာချုပ်ချုပ်ဆိုထားသည်။

Source-The Guardian Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။