ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းသူဇာပဲ ဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ဖြေးဖြေးနဲ့မှန်မှန်သာလုပ်ဆောင်နေပြီး နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ အမြဲ မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo credit - Nann Thuzar's facebook account

နန်းသူဇာက သရုပ်ဆောင်ရာမှာ ပီပြင်ရုံသာမကပဲ အဆိုပိုင်းမှာလည်း ချိုသာတဲ့ အသံလေးနဲ့ သီဆိုတက်သူပါနော်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ သွယ်လျကျစ်လှစ်တဲ့ ကိုယ်ခန္ဓာလေးတွေကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းသူဇာက အနုပညာလှုပ်ရှားတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမရဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာလည်းဖြစ်ပါတယ်.... ။

Photo credit - Nann Thuzar's facebook account

အိမ်မှာနေရင်း အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို facebook ကနေ ပရိသတ်တွေဆီကို တင်ပေးလေ့ရှိပြီး ယခုမှာလည်း " ပင်လယ်ကြီး ရဲ့ တာဝန်က ရေလှိုင်းတွေဖန်တီးဖို့ဆိုရင်ငါ့တာဝန်က နင့်ကိုလွမ်းဖို့" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Nann Thuzar's facebook account
Photo credit - Nann Thuzar's facebook account

Source & Photo credit - Nann Thuzar's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။