အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းအနေဖြင့် အီတလီစီးရီးအေကလပ် ရိုးမားအသင်း၏ တောင်ပံကစားသမားဖြစ်တဲ့ အီဂျစ်နိုင်ငံသား မိုဟာမက်ဆာလာကို ပေါင်၃၅သန်းဖြင့်အပြီးသတ်ခေါ်ယူရန် နီးစပ်နေပြီးဖြစ်ကြောင်း မီဒီယာများက အကျယ်တဝင့်ရေးသားဖော်ပြလျက်ရှိပါတယ်။

ယခုနှစ်ပရီးမီးယားလိဂ်ကလပ်အဆင့်၄ရခဲ့သော လီဗာပူးအသင်းအသင်းသည် အသင်း၏တိုက်စစ်ကိုအားဖြည့်ရန်အတွက် ရိုးမားအသင်း၏တောင်ပံတိုက်စစ်မှူး မိုဟာမက်ဆာလာကို အစပထမက ပေါင်၂၈သန်းဖြင့်ကမ်းလှမ်းခဲ့သော်လည်း ရိုးမားအသင်းက ပယ်ချခံရာ ပြောင်းရွှေ့ကြေးတိုးမြင့်ပေပြီး ယခုပေါင်၃၅သန်းဖြင့်ထပ်မံကမ်းလှမ်းထားရာ ရိုးမားအသင်းကလက်ခံဖွယ်ရှိနေသည်။

ရိုးမားအသင်း၏တောင်ပံကစားသမား မိုဟာမက်ဆာလာသည် ပြီးခဲ့တဲ့စီးရီးအေရာသီတွင် ၁၅ဂိုးသွင်းယူကာ ၁၃ခါဂိုးဖန်တီးပေးမှုပြုလုပ်ထားပြီး ရိုးမားအသင်းချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အဓိကနေရာမှစွမ်းဆောင်ပေးထားသည်။ လျင်လျင်မြန်မြန်ကစားတတ်သောဆာလာ၏ပုံစံကြောင့် လီဗာပူးနည်းပြ ယာကန်ကလော့ကမျက်စိကျနေပြီး လီဗာပူးအသင်းတိုက်စစ်တွင် မာနေး၊ ကော်တင်ညို၊ ဖာမီနိုတို့နဲ့ တွဲကစားရန် အရခေါ်ယူလိုနေခြင်းဖြစ်သည်။

Source-The Guardian Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။