သရုပ်ဆောင် ဧငြိမ်းဖြူကတော့ မြန်မာ့အသံမှာ ပြသတဲ့ ကတ်ဆက်ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါနော်။ နောက်ပိုင်းမှာတော့ သီချင်းMTVတေွနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေကာ Photo shooting တွေကိုလည်း အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ကာ ရိုက်ကူးလေ့ရှိနေသူလေးပဲ ဖြစ်ပါတယ်။

Photo credit - A Nyein Phyu's facebook account
Photo credit - A Nyein Phyu's facebook account

ဧငြိမ်းဖြူက cover danceတွေကိုလည်း အလန်းစားကကွက်နေနဲ့ ကပြလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးလေးအလား အထင်မှားရလောက်တဲ့ သူမက ဖြူဝင်းလှပတဲ့ အသားအရည်ကိုပိုင်ဆိုင်ထားတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမက အဆိုတော် ရဲရင့်အောင်ရဲ့ချစ်သူဖြစ်ပြီး အများက အားကျနေရတဲ့ အချစ်ရေးကို တည်​ဆောက်ထားတာပါနော်....။

Photo credit - A Nyein Phyu's facebook account
Photo credit - A Nyein Phyu's facebook account

ယနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ ဧငြိမ်းဖြူက " အသက်အရွယ်ကြီးလာတာနဲ့အမျှ တည်ငြိမ်ရင့်ကျက်လာတယ်ဆိုတဲ့စကားကို တကယ်လက်ခံတယ် " ဆိုတဲ့ စာသားလေးနဲ့အတူ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ထားပြီး နန်းစံစွာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - A Nyein Phyu's facebook account
Photo credit - A Nyein Phyu's facebook account
Photo credit - A Nyein Phyu's facebook account

Source & Photo credit - A Nyein Phyu's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။