အသံအေးအေးလေးနဲ့ တေးသီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ဆယ်ကျော်သက် အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ ပရိသတ်တွေ ရဲ့ အသည်းကျော်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က နိုင်ငံကျော်အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်တာကြောင့် မသိသူမရှိသလောက်ရှားပြီး အဖေဖြစ်သူရဲ့​ ခြေရာကို နင်းနိုင်သူလို့လဲ အများက ချီးကျူးပြောဆိုတာကို ခံရသူလည်း ဖြစ်ပါတယ်။ ဂရေဟမ်နဲ့အတူ သီချင်းတွေကိုလည်း တွဲဖက်သီဆိုနေတာပါနော်။ 

Photo credit - Pan Yaung Chel's facebook account

အသံလေးက သာယာချိုမြရုံသာမကပဲ မျက်နှာလေးကလည်း ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ်က လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ နွေးထွေးပျော်ရွှင်စွာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

Photo credit - Pan Yaung Chel's facebook account

ပန်းရောင်ခြယ်က မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ လွန်ခဲ့တဲ့ ၅၄ရက်က ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် တင်ပေးလါတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေ တိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုမိစေမှာအသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပန်းရောင်ခြယ်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Pan Yaung Chel's facebook account
Photo credit - Pan Yaung Chel's facebook account

Source & Photo credit - Pan Yaung Chel's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။