အိုလံပစ်ဆိုတဲ့ ဝေါဟာရနဲ့ အလှမ်းဝေးတဲ့ သူတွေအတွက်တော့ စစ်မှန်တဲ့ အိုလံပစ်ကစားသမားကိုပြရမယ်ဆိုရင်တော့ ဒီကစားသမားကို ကြည့်ပြီးသိနိုင်ပါတယ်။ သူဝင်ပြီးယှဉ်ပြိုင်ရတဲ့ ကစားနည်းကိုတော့ လူတော်တော်များများသိမှာမဟုတ်ပါဘူး။ ပြင်သစ်ကစားသမားဖြစ်တဲ့ Yohann Diniz ကတော့ ၅ဝကီလိုမီတာ လမ်းလျှောက်ပွဲအတွက် ကမ႓ာ့စံချိန်မှီစွာလျှောက်နိုင်တဲ့ သူတစ်ဦးပါ။ သူဟာဆိုရင် ဗိုက်အောင့်နေတာတောင်မမှုပဲ အရင်တာထွက်ခဲ့တဲ့သူပါ။ ပထမဆုံး ၄၅ မိနစ် အပြီးမှာတော့ Diniz က အချိန်တွေအများကြီးပိုပြီး ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။

အဲ့ဒီ ၄၅ မိနစ်နောက်ပိုင်းမှာ စပြီးတော့ Diniz က ဒုက္ခရောက်တော့တာပါပဲ။ Diniz ရဲ့ လဲကျသွားတဲ့ပုံရိပ်ဟာ စက္ကန့် အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လဲ BBC ရဲ့ ကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့ပါတယ်။

သူပြန်ထလာတဲ့ အချိန်မှာတော့ ဇာတ်သိမ်းက မလှတော့ပါဘူး။ အဘယ့်ကြောင့် ဆိုသော် သူ့အအောင့်နိုင်ပဲ အီးထွက်သွားပါတယ်။ ဒါပေမယ့် သူကတော့ ဇွဲမလျော့ပဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ သူထပ်ပြီးလဲကျသွားပါတယ်။ သူ့ကို ကျော်သွားတဲ့ ကနေဒါကစားသမား Evan Dunfee ဆွဲထူမှပဲ ပြန်လည်ထနိုင်ပါတော့တယ်။

ပြင်သစ်ကစားသမားက ဘယ်လောက်ပဲ ဇွဲရှိရှိနဲ့ အနိုင်ရဖို့ကြိုးစားသော်လည်း နံပါတ်ရှစ်နေရာကိုပဲ အရယူနိုင်ပါတော့တယ်။ သူဒီလောက်ထိနေမကောင်းဖြစ်ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာတောင် ပြိုင်ပွဲ အပြီးထိ ယှဉ်ပြိုင်သွားနိုင်တာက တကယ့်ကို လေးစားသဖွယ်ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးတာနဲ့ Diniz ကို ဆေးရုံအမြန်ပို့လိုက်ပါတော့တယ်။ ဒါပေမယ့်လဲ Diniz က ခင်ဗျားလုံးဝမချိုးနိုင်တဲ့ သူ့စံချိန်ကိုတော့ပြန်လည်ထိန်းသိမ်းသွားနိုင်ခြင်းဟာ တော်တော်ကို အံ့သြဖို့ကောင်းပါတယ်။

translated by Anna

Source: distractify

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။