ပရိသတ်ကြီးရေ သရုပ်​ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူလေးပဲဖြစ်ပါတယ် ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တက်တဲ့ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း များစွာ သရုပ်ဆောင်နေရတဲ့ သူလေးပဲ ဖြစ်ပါတယ်နော်။ မကြာသေးမီက ရုံတင်ပြသထားတဲ့ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဓီကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို များစွာရရှိခဲ့တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်.....။

Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account

မိဘအပေါ်ကိုလည်း သိတက်လိမ္မာလွန်းတဲ့ စိုးပြည့်က လူအများရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားပြီး ဖော်ဖော်ရွေရွေ ဆက်ဆံတက်တာကြောင့် သူမရဲ့ ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ စိုးပြည့်က လတ်တလောမှာ အနုပညာလှုပ်ရှားတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာလည်းဖြစ်ပါတယ်.... ။

Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account

အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ ယခုမှာလည်း " မင်းပေးတဲ့စံပယ်ဖြူလေးတွေလည်းနွမ်းခြောက်သွားခဲ့ပေမဲ့ရင်မှာမွှေးနေဆဲ မေမေ့ရဲ့စံပယ်အိုးရှေ့ရောက်အမှတ်တရ" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက သဘာဝဆန်ဆန်လှနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်........ ။

Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account
Photo credit - Soe Pyae Thazin's facebook account

Source & Photo credit - Soe Pyae Thazin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။