တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ MRTV -4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါ။ နောက်ပိုင်းမှာ ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေကာ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း မြင်သူတကာငေးရလောက်အောင် တက်ရောက်လာသူလေးပဲ ဖြစ်ပါတယ်......။

Photo credit - Poe Kyar Phyu Khin's facebook acc
Photo credit - Poe Kyar Phyu Khin's facebook acc

ဗိုလ်ဆန်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမက ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်.။ ဒါ့အပြင် ဖြူဖွေးလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး သွယ်လျလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားလေးကြောင့် မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ရင်လည်း လိုက်ဖက်ညီညီ လှပနေတာပဲ ဖြစ်ပါတယ်...။

Photo credit - Poe Kyar Phyu Khin's facebook acc

ပိုးကြာဖြူခင်က သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိပြီး ယခုမှာလည်း မိုးရေထဲမှာ ထီးလေးဆောင်းကာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ပိုးကြာဖြူခင်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Poe Kyar Phyu Khin's facebook acc
Photo credit - Poe Kyar Phyu Khin's facebook acc

Source & Photo credit - Poe Kyar Phyu Khin's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။