ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ MRTV -4ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တက်တာကြောင့် ပရိသတ်ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်တဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း များစွာရိုက်ကူးနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်.....။

Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account

နန်းစန္ဒာလှထွန်းက လတ်တလောမှာတော့ အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ သက်သက်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲလေးထဲက ပုံရိပ်လေးတွေကို မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာကြောင့် သူမရဲ့ ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း " လွမ်းနေတော့မှာပဲ ငှက်ကလေးရေ ကောင်းကောင်းမွန်မွန် ပျံသန်းနော် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်.....။

Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account

စာသားလေးအပြင် ဇာတ်လမ်းတွဲလေးထဲက ပုံရိပ်လေးတွေကို တင်ပေးလါတာလည်းဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ နန်းစန္ဒာလှထွန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော် ။ ဒါ့အပြင် သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်.... ။

Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account

Source & Photo credit - Nan Sandar Hla Htun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။