ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ နမ်မီးဘီယားနိုင်ငံမြောက်ပိုင်းနှင့် အင်ဂိုလာနိုင်ငံ၊ ကူနေးနေး မြစ်တစ်ဖက်ကမ်းမှာ နေထိုင်ကြတဲ့ ဟင်မ်ဘာ လူမျိုးများအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ယခုအခါမှာတော့ လူဦးရေ ၅၀၀၀၀ သာကျန်ရှိတော့တဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်ပါတယ်။ အိုဗယ်လ်ဟင်မ်ဘာ လူမျိုးများဟာ တစ်နေရာတည်းမှာ အခြေချပြီး အမြဲနေထိုင်တာမျိုးမဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်ကြကာ တိရိစ္ဆာန်များမွေးမြူကြပါတယ်။ Bantu ဘာသာစကား အုပ်စုဝင် OtjiHimba စကားကိုပြောဆိုကြတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုလူမျိုးများကို နမ်မီးဘီယားနိုင်ငံရဲ့ နောက် ဆုံးကျန်ရှိနေသော ရွေ့ပြောင်းတစ်ပိုင်း၊ အခြေနေထိုင်ခြင်းတစ်ပိုင်း လူမျိုးစုအဖြစ် သတ်မှတ်ထားပါတယ်။ အိုဗယ်လ်ဟင်မ်ဘာများဟာ အဓိကအားဖြင့် မွေးမြူရေးနှင့် လယ်ယာလုပ်သားများဖြစ်ကြပြီး အမြီးတုတ်သိုးနှင့် ဆိတ်များကို မွေးမြူကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကျွဲ၊ နွား အရေအတွက်ဖြင့် တိုင်းတာကြပါတယ်။ ပြောင်းနှင့် မုယောကဲ့သို့ မိုးသီးနှံများကိုလည်း စိုက်ပျိုးကြပါတယ်။ တိရိစ္ဆာန်များကို နို့နှင့်အသားအတွက်မွေးမြူကြကာ အသားနှင့်နို့ကိုတော့ ပြောင်း၊ နှံစား၊ ကြက်ဥများနှင့် ရောနှော စားသုံးကြပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

ထို့အတူ ဆေးဘက်ဝင် ပရဆေးပင်ရိုင်းများနှင့် ပျားရည်ကိုလည်း ထည့်စွက် စားသုံးကြတာပါ။ တစ်ခါတစ်ရံမှာတော့ အိုဗယ်လ်ဟင်မ်ဘာတို့ဟာ အိမ်မွေးတိရိစ္ဆာန်များကို ငွေကြေးဖြင့် ရောင်းချတာမျိုးလည်း ရှိပါတယ်။ လယ်ယာ လုပ်ငန်း မဟုတ်သော လုပ်ငန်းများ၊ လုပ်ခလစာများ၊ ပင်စင်ကြေးများနှင့် အခြားငွေကြေး လွှဲပြောင်းမှုများဟာ အိုဗယ်လ်ဟင်မ်ဘာ လူမျိုးစုရဲ့ ဘဝနေထိုင်မှု အတွင်း သေးငယ်သော တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပါတယ်။ နမ်မီးဘီးယားအစိုးရက သက်ကြီး ပင်စင်ကြေး များ၊ မိုးခေါင်ရေရှားမှု အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။