ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာရှကျားလေးကောင် သို့မဟုတ် အာရှနဂါးလေးကောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ အာရှနိုင်ငံလေးခုထဲမှ စီးပွားရေးတိုးတက်မှုမြင့်မားကာ စက်မှုလုပ်ငန်းထွန်းကားတဲ့ တောင်ကိုးရီးယားနိုင်ငံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာပါ။

photo credit pngtree

ထိုနိုင်ငံများဟာ ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များအတွင်း နှစ်စဉ် စီးပွားတိုးတက်မှု ခုနစ်ရာခိုင်နှုန်းအထက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် စင်္ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ အာရှကျား၊ အာရှ နဂါးတစ်ကောင်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ တောင်ကိုရီးယားနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ 

photo credit pngtree

တောင်ကိုရီးယားနိုင်ငံရဲ့ အမည် အပြည့်အစုံဟာ ကိုရီးယား သမ္မတနိုင်ငံ(Republic of Korea)ဖြစ်ပြီး ဟန်လူမျိုးတို့ရဲ့ မဟာနိုင်ငံတော်လို့ အဓိပ္ပါယ်ရပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ အာရှတိုက်ကုန်းမြေရဲ့ အရှေ့ပိုင်း၊ ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ပိုင်းတွင်တည်ရှိကာ တောင်တန်းများထူထပ်ပြီး အပူအအေးမျှတသော မြောက်ပိုင်းဇုန်အတွင်း ကျရောက်နေကာ ခန့်မှန်းခြေ လူဦး ရေ ၅၁ ဒသမ ၄ သန်းရှိပြီး နိုင်ငံမြို့တော်ဟာ လူဦးရေ ၁၀ သန်းနေထိုင်တဲ့ ဆိုးလ်ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။