သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကတော့ Music videoတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပါ။ နောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ photo shooting တွေကို ရိုက်ကူးရင်း ဗီဒီယိုရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်လာကာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ...။

Photo credit - Nwe Darli Tun's facebook account
Photo credit - Nwe Darli Tun's facebook account

ကိုရီးလားမင်းသမီးလေးတစ်ယောက်လို ချစ်စရာကောင်းပြီး ဖြူဖွေးလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျနေကြတာလည်း ဖြစ်ပါတယ်။ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားတဲ့ သူမက အဝတ်အစားတွေကိုလည်း မြင်သူတကာငေးရလောက်အောင် စမတ်ကျကျ ဝတ်ဆင်တက်သူတစ်ယောက်လည်း ဖြစ်ပါတယ်.....။ 

Photo credit - Nwe Darli Tun's facebook account
Photo credit - Nwe Darli Tun's facebook account

မကြာခဏဆိုသလို လူမှုကွန်ယက် စာမျက်နှာမှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလျက်ရှိတဲ့ နွယ်ဒါလီထွန်းက ယခုမှာလည်း ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာလည်း ဖြစ်ပါတယ်။ နွယ်ဒါလီထွန်းရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်..... ။

Photo credit - Nwe Darli Tun's facebook account
Photo credit - Nwe Darli Tun's facebook account

Source & Photo credit - Nwe Darli Tun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။