MRTV -4ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ကြိုးစားရိုက်ကူးနေတဲ့ သူလေးပါ။ လတ်တလောမှာလည်း MRTV -4မှာ ပြသနေတဲ့ အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ အမာညိုဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် ။

Photo credit - Khay Sett Thwin's facebook account
Photo credit - Khay Sett Thwin's facebook account

ပွင့်လင်းစွာ ပြောဆိုဆက်ဆံတက်တဲ့ ခေးဆက်သွင်က လူအများရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ သူလေးလည်း ဖြစ်ပါတယ်။ ခေးဆက်သွင်က ယခုလက်ရှိမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ 

Photo credit - Khay Sett Thwin's facebook account
Photo credit - Khay Sett Thwin's facebook account

မကြာသေးမီအချိန်က ခေးဆက်သွင်က " စိတ်မပူပါနဲ့ ဒီက မိန်းကလေးက ခင်ဗျားနဲ့ အစားကလွဲရင်ကျန်တာ စိတ်မဝင်စားလို့" ဆိုတဲ့ စာသားလေးနဲ့အတူ မုန့်တွေကို အားရပါးရ စားနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်... ။ ခေးဆက်သွင်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Khay Sett Thwin's facebook account

Source & Photo credit - Khay Sett Thwin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။