ကုလ အတွင်းရေးမှူးချုပ်သစ် ရွေးလိုက်ပြီ

ကုလသမဂ္ဂ အထွေထွေညီလာခံက ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ ၂ဝဝ၅ ခုကနေ ၂ဝ၁၅ ခုနှစ်အထိ UNHC လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ်

တာဝန်ယူခဲ့ဖူးတဲ့ Antonio Gutterres အန်တိုနီယို ဂူးတေးရက်စ် ကို အတွင်းရေးမှူးချုပ်သစ်အဖြစ် မနေ့က ရွေးချယ်လိုက်ပါတယ်။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ အန်တိုနီယို ဂူးတေးရက်စ်ဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တာဝန်တွေကို လွဲပြောင်းရယူ ထမ်းဆောင်မှာဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ နဝမ အကြိမ်မြောက် အတွင်းရေးမှူးချုပ်ဖြစ်လာပါလိမ့်မယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။