သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ကတော့ music videoတွေနဲ့ ကြော်ငြာတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပါ ။ နောက်ပိုင်းမှာတော့ ဗီဒီယို ဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်လာကာ ပရိသတ်အားပေးလက်ခံမှုကို အပြည့်ရရှိခဲ့တဲ့သူလေးပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က နိုင်ငံကျော်ဘောလုံးကစားသမား အောင်သူနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားကြတာပါ။

Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account

ဒါ့အပြင် ပိုးအိအိခန့်က အောင်သူနဲ့တူတဲ့ သားချောလေးတစ်ယောက်ကိုလည်း ရရှိပိုင်ဆိုင်ထားတာပါနော်။ သားသားလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်နေရတာမို့ သူမက အနုပညာလှုပ်ရှားမှုတွေ သိပ့်မလုပ်ဖြစ်တော့ပေမယ့် နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုတော့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ အမြဲလိုလို မျှဝေပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုးအိအိခန့်တို့မိသားစုလေးရဲ့ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account

ယခုမှာတော့ ပိုးအိအိခန့်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " ဒီတစ်ခါ မေမေ ပုံတင်အလှည့်" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းစွာဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် အမေဖြစ်ပေမယ့် အလှမပျက်ပဲ ပိုပိုလှလာတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်. ။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်......။

Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account

Source & Photo credit - Poe Ei Ei Khant's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။