ယူရိုပါလိဂ်ဖလားချန်ပီယံ ပရိးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် အီတလီစီးရီအေကလပ် အင်တာမီလန်အသင်းမှ ခရိုအေးရှားကွင်းလယ်လူ အီဗန်ပါရီဆစ်အား အိုးထရက်ဖို့သို့ခေါ်ယူရန် နီးစပ်နေကြောင်း သိရှိရသည်။ ပါရိဆစ်သည် ယခုစီးရီအေရာသီတွင် ၁၁ဂိုးသွင်းပြီး ၁၁ဂိုးဖန်တီးပေးထားသူဖြစ်သည်။

မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ပါရီဆစ်အတွက်ပြောင်းရွှေ့ကြေးပေါင်၄၅သန်းဝန်းကျင်ခန့်ဖြင့် အင်တာမီလန်အသင်းအား ကမ်းလှမ်းထားပြီး ကစားသမားကိုယ်တိုင်က အိုးထရက်ဖို့အခြေစိုက် ကလပ်သို့ပြောင်းရွှေ့နေလိုသောကြောင့် အင်တာမီလန်အသင်းအနေဖြင့် ရောင်းချဖွယ်ရှိနေသည်။

အင်တာမီလန်ကွင်းလယ်လူ ပါရီဆစ်ကို ချယ်ဆီးအသင်းကလည်းစိတ်ဝင်စားနေသော်လည်း မန်ချက်စတာယူနိုင်တက်ကအရင်ကမ်းလှမ်းထားတာဖြစ်သလို မန်ချက်စတာယူနိုင်တက်နည်းပြမော်ရင်ဟိုကိုယ်တိုင်က ပါရီဆစ်အား အဓိကထားခေါ်ယူရန်စီစဉ်နေသောကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်လာဖွယ်ရှိနေသည်။

Source-The Sun

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။