ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Tattoo" တက်တူးထိုးတဲ့ အလေ့အထဟာ ဘယ်ခေတ်ကာလကတည်းက စတင်ပေါ်ပေါက်ခဲ့သလဲဆိုတာကို တင်ဆက်ပေးသွားမှာပါ။ ရှေးယခင်ခေတ်တွေတုန်းက ထိုးကွင်းလို့ခေါ်တဲ့ တက်တူး "Tattoo"ထိုးခြင်းဟာ စုတ်ဖြင့် လူ့အသားထဲသို့ ဆေးမင်များ ထည့်သွင်းပြီး အရေးပြားပေါ်တွင် မိမိတို့ရေးသားလိုတဲ့ စာများကို ရေးထိုးတာ၊ ရေးဆွဲလိုတဲ့ ပုံများကို ပုံဖော်ကြတာတို့ ဖြစ်ပါတယ်။ ထိုခေတ်ကတည်းက လူအများ တက်တူးထိုးတာဟာ ခန္ဓာကိုယ်အလှဆင်ခြင်း တစ်မျိုးလို့ သတ်မှတ်ခဲ့ကြပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

ကမ္ဘာ ပေါ်တွင် တက်တူးထိုးတဲ့ ဓလေ့ဟာ ၁၈ ရာစုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး အရေပြားရဲ့ တစ်ရှူးလွှာထဲသို့ ဖျက်လို့ မရနိုင်တဲ့ မင်ရည်ကိုထည့်သွင်းကာ အရုပ်ဆွဲခြင်း၊ စာရေးသားခြင်း တို့ကို ပြုလုပ်ခဲ့ကြတာပါ။ အဲ့ဒီအချိန်အခါတုန်းက တက်တူး ထိုးတာကို ပင်လယ်သွား သင်္ဘောသားများက အများဆုံးပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဥရောပ နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

၁၈၂၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့သော ဂျိုးဇက်ဘက်ခ်(Joseph Banks) ဂျာနယ်မှာ ကပ္ပီတိန် ကွတ် သင်္ဘောတွင် လိုက်ပါခဲ့သော သဘာ၀ သိပ္ပံပညာရှင်က "သင်္ဘောသားများ ဆေးမင်ကြောင်ထိုးတဲ့ အကြောင်းကို" ပထမဆုံး ရေးသားဖော်ပြခဲ့တာပါ။ နယ်မြေသစ်ရှာဖွေသူ ကပ္ပီတိန် ကွတ်ဟာ ၁၇၇၁ ခုနှစ်တွင် တဟီတီ(Tahiti)နှင့် နယူးဇီလန်ကျွန်းများသို့ သွားရောက်ခဲ့တဲ့ သူရဲ့ ပထမဆုံးခရီးမှ အပြန်တွင် တက်တူးဟူသော ဝေါဟာရကို ဥရောပသို့ ယူဆောင်လာခဲ့ပါတယ်။ ထိုဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ အသားပေါ်တွင် အရာထင်စေခြင်း၊ ဆေးသုတ်ခြင်း၊ စွန်းထင်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။