သရုပ်ဆောင် မင်းသမီးချော မေမြင့်မိုရ်ကတော့ MRTV -4ဇာတ်လမ်းတွဲ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ် ။ သူမက ပန်းနုသွေးဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ လူသိများခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။

Photo credit - May Myint Mo's facebook account
Photo credit - May Myint Mo's facebook account

နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲ တွေနဲ့ ကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေကာ photo shooting တွေကိုလည်း အမိုက်စားဖက်ရှင်တွေကိုဝတ်ဆင်ပြီး ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမြင့်မိုရ်က အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ စုစုလှိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးထဲက ရိုက်ကွင်း အမှတ်တရပုံရိပ်လေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။

Photo credit - May Myint Mo's facebook account
Photo credit - May Myint Mo's facebook account
Photo credit - May Myint Mo's facebook account

ယခုလက်ရှိမှာတော့ မေမြင့်မိုရ်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " မျက်ဝန်းတွေထဲစကားသံ ဘယ်သူကြားနိုင်မလဲ" ဆိုတဲ့ စာသားလေးနဲ့အတူ စမတ်ကျကျလှနေတဲ့ အစိမ်းရောင် ဖက်ရှင်လေးကို ဝတ်ဆင်ကာ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်ရဲ့ ပုံလေးတွေ တိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။

Photo credit - May Myint Mo's facebook account
Photo credit - May Myint Mo's facebook account

Source & Photo credit - May Myint Mo's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။