ဒီရာသီမှာ ပြင်သစ်ကလပ်မိုနာကိုနဲ့အတူ ခြေစွမ်းပြဂိုးတွေသွင်းယူပြီး မိုနာကိုအသင်းအား ပြင်သစ်လီဂူးအမှတ်ပေးဖလား ရရှိအောင် အားကြိုးတမံ စွမ်းဆောင်ပေးခဲ့တဲ့ လူငယ်ကစားသမားလေး အမ်ဘက်ပီကို ရီးရဲမက်ဒရစ် ဘိုင်ယန်မြူးနစ် အာဆင်နယ်တို့အပြင် ဥရောပအသင်းကြီးတော်တော်များများ ခေါ်ယူချင်နေကြပါတယ်။

ထိုအထဲမှာ အာဆင်နယ်အသင်းကအပါအဝင်ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ ၂နှစ်စာချုပ်သက်တမ်းထိုးထားတဲ့ နည်းပြကြီးအာစင်ဝင်းဂါးက မိုနာကိုလူငယ်လေး အမ်ဘက်ပီကိုသဘောကျပြီးခေါ်ယူလိုတယ်လို့ ဝန်ခံထားကာ ပြင်သစ်သားလေးအမ်ဘက်ပီကိုခေါ်ယူရန်ကြိုစားလျက်ရှိပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက် သတင်းကောင်းကတော့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးကို ပြင်သစ်နိုင်ငံ မိုနာကိုမြို့အနီးက နိုက်စ်မြို့ကလေဆိပ်မှာ တွေ့ရှိခဲ့ရတာပါ။ အာဆင်နယ်အသင်းက နည်းပြကြီးဝင်းဂါးကိုပြောင်းရွှေ့ကြေး ပေါင်၁၆၅သန်းထုတ်ပေးထားပြီး ပြင်သစ်နိုင်ငံကိုရောက်ရှိနေတာကြောင့် အမ်ဘက်ပီတစ်ယောက် အာဆင်နယ်သို့ရောက်ရှိလာမှာလားဆိုတာကတော့ စောင့်ကြည်စရာပင်။

Source-Mirror Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။