ချစ်ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပို ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းကောင်းတွေကလည်း လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားကာ လူကြိုက်များခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ ဂီတလောကမှာ ပရိသတ်တွေအကြိုက်တွေစေမယ့် သီချင်းကောင်းတွေကို ဖျော်ဖြေနိုင်စေဖို့ ကြိုးစားလုပ်ကိုင်သူလေးပဲဖြစ်ပါတယ်။

Photo Credit- ပိုပို
Photo Credit- ပိုပို

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါဆိုးကြီးကြောင့် ခေတ္တရပ်နားထားကာ အိမ်မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကာ အနားယူနေခဲ့ပါတယ်။ပိုပိုကတော့ အိမ်မှာနေရင်း အားတဲ့အချိန်လေးတွေဆို ခြံထဲမှာ အပင်လေးတွေလည်း စိုက်ပျိုးထားပြီး နေ့သစ်လေးတွေကို အကောင်းဆုံးဖြတ်သန်းနေတာဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း ချစ်ပရိသတ်တွေအလွမ်းပြေဖြစ်အောင် အလှလေးပြင်ပြီး ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- ပိုပို
Photo Credit- ပိုပို

ဒီပုံလေးတွေထဲမှာတော့ လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ကာ စာအုပ်လေးဖက်နေတဲ့ ပုံစံလေးတွေနဲ့ မြင်သူတိုင်းချစ်အားပိုစေအောင် ညို့ယူဖမ်းစားထားတဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ချစ်စရာကောင်းလောက်တဲ့ ပိုပိုရဲ့ ပုံရိပ်လေးတွေကိုသဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ အချစ်တော်လေး ပိုပို ရဲ့ အိမ်မှာနေရင်း အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit- ပိုပို

Source - ပိုပို Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။