ပရိတ်သတ်ကြီးရေ....အနုပညာလောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ နာမည်ကြီးတဲ့ မင်းသားချော မြင့်မြတ်ကိုသိကြမယ်ထင်ပါတယ်နော်။

သူဟာ ဗီဒီယိုဇာတ်ကားများနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာအောင်မြင်စွာ ရပ်တည်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ အမှောင်တွေရွာချတဲ့မိုးတိမ်ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့လည်း အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း ရရှိထားတာပါ။

ဒါ့ပြင်သူဟာ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး မြတ်သူကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ သူတို့မိသားစုပုံရိပ်လေးတွေနဲ့ သားလေးမြတ်သူရဲ့ပုံလေးတွေကို ပရိတ်သတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သနပ်ခါးလေးလိမ်းကာ အရုပ်လေးတွေနဲ့ဆော့ကစားနေတဲ့ သားလေးရဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ဂျင်းကောင်ပေါက်စလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

Source-Myat Wai Tun's Facebook acc

Photo credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။