မင်းသမီးချောလေးမအေးသောင်းကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်းအပြည့်အဝရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ အေးချမ်းတဲ့ ချစ်စရာအပြုံးလေးတွေကိုကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

PHOTO CREDIT : AYE THAUNG ' S FACEBOOK ACC
PHOTO CREDIT : AYE THAUNG ' S FACEBOOK ACC

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားနိုင်တဲ့ သူမကတော့ မိန်းကလေးတိုင်းအားကျရတဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေသလို ပွဲတွေကိုလည်း တတ်ရောက်လျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အမေငယ်ငယ်က စာအုပ်ဆိုင်ဖွင့်ပြီးကျောင်းတက်ခဲ့ရတော့ စာအုပ်လေးတွေဆို ချစ်တတ်လာခဲ့တဲ့အကြောင်း ပရိသတ်တွေထံပြောပြလာခဲ့ပါတယ်။

PHOTO CREDIT : AYE THAUNG ' S FACEBOOK ACC
PHOTO CREDIT : AYE THAUNG ' S FACEBOOK ACC

သူမကတော့ "   အမေငယ်ငယ်ကစာအုပ်ဆိုင်ဖွင့်ပြီးကျောင်းတက်ခဲ့ရတာ။အမေစာအုပ်ဆိုင်ဖွင့်ခဲ့တော့ ကိုယ်တွေလည်းစာအုပ်လေးတွေဆို ချစ်တတ်လာခဲ့တာထင်ပါတယ်။အမေ့ ကောင်းမွေလေးပေါ့။အမေက ဟင်းချက်ကောင်းတယ်။အပင်လေးတွေစိုက်တာဝါသနာပါတယ်။အိမ်မှုကိစ္စ တအားနိုင်တယ်။ဆိုးမွေတွေလည်းရေးအုံးမှာခိခိ လူပုစိတ်တိုမေကြီ"ဆိုပြီး အမေ့ရဲ့ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

SOURCE  : AYE THAUNG ' S FACEBOOK ACC

PHOTO CREDIT : AYE THAUNG ' S FACEBOOK ACC
PHOTO CREDIT : AYE THAUNG ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။