ပုရိသယောကျ်ားလေး ပရိသတ်တွေကြားမှာ ရေပန်းစားပြီး မိန်းကလေးပရိသတ်တွေကပါ တစ်ခဲနက်အားပေးချင်းကို ခံထားရတဲ့ သူလေးကတော့ လိင်ခွဲစိတ်မှုပြုလုပ်ထားပြီး Lady Boy ဘဝကနေ မိန်းကလေးဘဝကို ပြောင်းလဲထားတဲ့ မျိုးကိုကိုစန်းပဲဖြစ်ပါတယ်။ သူမကလတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအဖြစ် Photo Shooting တွေရိုက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် အားလုံးရဲ့ ဝန်းရံမှုကို ရရှိနေသူလေးလည်းဖြစ်ပါတယ်.....။

Photo credit - Myo Ko Ko San's facebook account
Photo credit - Myo Ko Ko San's facebook account

မျက်နှာပြုပြင်ခွဲစိတ်မှုမပြုလုပ်ထားပဲနဲ သဘာဝအတိုင်းချစ်စရာကောင်းနေတဲ့ သူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို အပြည့် အဝရရှိနေတဲ့သူမကလည်း ပရိတ်သတ် တွေကို တလေးတစားနဲ့ပြန်ပြီး အလေးပေးဂရုစိုက် တာကိုလည်း တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကတော့ သူမရဲ့ဆွဲဆောင်မှုတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူးနော်.....။

Photo credit - Myo Ko Ko San's facebook account
Photo credit - Myo Ko Ko San's facebook account

မျိုးကိုကိုစန်းက မကြာခဏဆိုသလို လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ သူမရဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလေ့ရှိသူပါ ။ ယခုမှာလည်း " မန္တလေးမှာတော့ မိုးအုံ့နေတယ် သိလား" ဆိုတဲ့ စာသားလေးနဲ့အတူ အိမ်နေရင်း အဝတ်အစားလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှနေတာကြောင့် ပရိသတ်တွေကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်...... ။

Photo credit - Myo Ko Ko San's facebook account
Photo credit - Myo Ko Ko San's facebook account

Source & Photo credit - Myo Ko Ko San's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။