Photo credit - Dreamhack

business associates dota 2 team ကတော့ သူတို့ရဲ့ roster update ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

business associates ကြေညာခဲ့တဲ့ roster update ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက MoOz ဟာ အသင်းကနေထွက်ခွာသွားခဲ့သလို အသင်းရဲ့ mid player Nine ကလည်း inactive လုပ်သွားခဲ့ပါတယ်။

ဒါ့ကြောင့်သူတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက်

disband ပြုလုပ်သွားတဲ့ Cloud9 က players တွေဖြစ်တဲ့ EternalEnVy နဲ့ Sneyking တို့ကို ခေါ်ယူခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် business associates ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1- Moo

Po 2- EternalEnVy

Po 3- Brrax

Po 4- Sneyking

Po 5- Fear တို့ပဲ ဖြစ်ပါတယ်။

Cloud9 မှာရှုံးပွဲတွေအများကြီး ကြုံတွေ့ခဲ့ရတဲ့ EternalEnVy အနေနဲ့လည်း အခု Business associates မှာ mid ဆော့မှာဆိုတော့ စိတ်ဝင်စားစရာပါပဲ။

Source - business associates twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။