ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးကြာဖြူခင်က တော့ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် နေရာတစိခုကို အခိုင်မာရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူမကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ရင်ထဲမှာနေယူခဲ့တာပဲဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာလည်း ကျရာဇာတ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူလေးပဲ ဖြစ်ပါတယ်။

Photo Credit- Poe Kyar Phyu Khin
Photo Credit- Poe Kyar Phyu Khin

ပိုးကြာဖြူခင်ဟာဆိုရင် ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေရဲ့ အားပေးဝန်ရံခြင်းခံနေရတာဖြစ်ပါတယ်။ အချစ်တော်လေး ပိုးကြာဖြူခင်ကလည်း ယခုတစ်ခါမှာ တခူးလမှာ ဖူးပွင့်တဲ့ပိတောက်ပန်းတွေ နဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။

Photo Credit- Poe Kyar Phyu Khin
Photo Credit- Poe Kyar Phyu Khin

ဒီပုံလေးတွေထဲမှာတော့ ပိုးကြာဖြူခင်က ပိတောက်ပန်းလေး အမှတ်မထင်ရတဲ့အတွက် ချစ်စရာအပြုံးချိုချိုလေးတွေကတော့ မြင်သူတိုင်းချစ်အားပိုစေမှာအမှန်ပါနော်..။ ဒီပုံလေးတွေနဲ့လည်း ပိုးကြာဖြူခင်က " ဒီနှစ်တော့ အိမ်ထဲမှာပဲနေရတာမို့ ပိတောက်ပန်းတွေနဲ့ ဝေးပြီလို့ တွေးမိနေတုန်းရုတ်တရက် ပိတောက်အခိုင်ကြီး အိမ်ရှေ့ရောက်လာတယ် " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးကလည်း တစ်မျိုးလေးလှသွေးကြွယ်ပြီး ချစ်စရာကောင်းလွန်းနေတဲ့ ပိုးကြာဖြူခင် ရဲ့ ပုံရိပ်လေးကို အသည်းလေးတွေပေးခဲ့ပါဦးနော်...။

Photo Credit- Poe Kyar Phyu Khin

Source - Poe kyar Phyu Khin's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။