ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ အထူထပ်ဆုံး မြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Tapei၊ Taiwan" တိုင်ပေမြို့တော်၊ တိုင်ဝမ်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။တိုင်ဝမ်ဟာ စက်မှုလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေမှုကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေး အင်အားအကြီးဆုံး ၁၉ နိုင်ငံမြောက်ဖြစ်လာခဲ့ပြီး လူဦးရေလည်းများစွာ ထူထပ်လာခဲ့ပါတယ်။

photo credit pngtree

၁၃၉၇၃ စတုရန်းမိုင်သာကျယ်ဝန်းသော တိုင်ဝမ်နိုင်ငံရဲ့ လက်ရှိ လူဦးရေဟာ ၂၃၃၆၇၃၂၀ ဖြစ်ပြီး လူဦးရေ သိပ်သည်းဆကတော့ တစ်စတုရန်းမိုင်လျှင် ၁၆၇၂ ဦးရှိပါတယ်။ တိုင်ဝမ်နိုင်ငံရဲ့ မြို့တော် တိုင်ပေတွင် လူပေါင်း ၆၉၀၀၂၇၃ ဦးနေထိုင်လျက်ရှိကာ လူဦးရေ အထူထပ်ဆုံး မြို့တော်များ စာရင်းတွင်ပါဝင်ခဲ့ပါတယ်။ 

photo credit pngtree

တိုင်ဝမ်ရဲ့ သီးသန့်စည်ပင်သာယာနယ်မြေသည် ၁၀၅ စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ ၂၆၅၂၉၅၉ နေထိုင်သဖြင့် လူဦးရေ သိပ်သည်းဆသည် တစ်စတုရန်း မိုင် ၂၅၂၆၆ ဖြစ်ပါတယ်။ တိုင်ပေ လူဦးရေအများစုဟာ တိုင်ဝမ်ကျွန်းရဲ့ အနောက်ပိုင်းတွင် အများဆုံး နေထိုင်ကြပါတယ်။ တိုင်ဝမ် နိုင်ငံသို့ ရောက်ရှိလာကြတဲ့ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစားကြည့်ရှုကြရသော မြင်ကွင်းများတွင် ပြည့်ကျပ်နေတဲ့ လူများလည်း ပါဝင်လျက်ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။