ချစ်ပရိသတ်ကြီးရေ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေ အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ မင်းသမီးချောလေး မိုးယုစံ ပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် သူမကို အားပေးချစ်ခင်သူတွေ များစွာရှိလို့နေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account

မိုးယုက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို သိပ့်မလုပ်ဖြစ်တော့ပေမယ့် နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုတော့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ အမြဲလိုလို မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း တခဲနက် အားပေးနေကြတာပါနော် ။ ဒါ့အပြင် မိုးယုက ချစ်စရာကောင်းပြီး သူမနဲ့တူတဲ့ သားသားလေး Austinကိုလည်း မွေးဖွားထားပါ​သေးတယ်။ မကြာခဏဆိုသလို သားသားလေးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေပေးလျက်ရှိနေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account

ယခုမှာလည်း မိုးယုက " တင်စရာမရှိ သူလေးနဲ့ပဲတင်တော့မယ် good night" ဆိုတဲ့ စာသားလေးနဲ့အတူ သားသားလေး Austinနဲ့အတူ အိပ့်ခါနီး ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း မိုးယုတို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ဒါ့အပြင် မိုးယုတို့ ပုံလေးကို ကြည့်ပြီး ချစ်ပရိသတ်တွေ က အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Moe Yu San's facebook account
Photo credit - Moe Yu San's facebook account

Source & Photo credit - Moe Yu San's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။