ဆယ်စုနှစ်တစ်ခုကြာထိ အနုပညာလောကထဲမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူလေးကတော့ နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ပါနော်။ သူမကို ပရိသတ်တွေက ချစ်စနိုးနဲ့ အူဝဲလို့ ခေါ်ကြတာလည်း ဖြစ်ပါတယ် ။ အူဝဲက ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တက်တာကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုတွေကိုလည်း များစွာ ရရှိပိုင်ဆိုင်ထားတဲ့ သူလေးပါ။ အူဝဲက နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုသာ ရိုက်ကူးနေတာဖြစ်ပြီး ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း များစွာရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။

Photo credit - Eaindra Kyaw Zin's facebook account
Photo credit - Eaindra Kyaw Zin's facebook account
Photo credit - Eaindra Kyaw Zin's facebook account

အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့ အူဝဲက ယောကျာ်းဖြစ်သူ ပြေတီဦး နဲ့ သားသမီးအပေါ်မှာလည်း ဂရုစိုက်မှုအပြည့်အဝရှိသူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက အားကျနေကြတာလည်း ဖြစ်ပါတယ်။ အူဝဲက အခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူ ပျော်ပျော်နဲ့ နေထိုင်နေပါ။ အိမ်မှာနေရင်း သူမရဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo credit - Eaindra Kyaw Zin's facebook account
Photo credit - Eaindra Kyaw Zin's facebook account
Photo credit - Eaindra Kyaw Zin's facebook account

ယခုမှာလည်း သူမရဲ့ အိမ်ထဲမှာ ပွင့်နေတဲ့ ပိတောက်ပန်းတွေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါရင်း " သူ့ကိုလဲ တစ်နှစ်တစ်ခါပဲ မျှော်ခွင့်ရတယ်သူလာပြီဆိုလဲ ကျွန်မမှာ ရူးခါနေတာပဲ ကျွန်မ ပိတောက်ရူး ပါရှင် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ပရိသတ်တွေ အလွမ်းပြေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပိတောက်ပန်းနဲ့အပြိုင်အလှတွေပိုနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်...... ။

Photo credit - Eaindra Kyaw Zin's facebook account
Photo credit - Eaindra Kyaw Zin's facebook account
Photo credit - Eaindra Kyaw Zin's facebook account

Source & Photo credit - Eaindra Kyaw Zin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။