ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ အိအိတုန်ကတော့ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အိအိတုန်ကတော့ အေးချမ်းတဲ့ မိသားစုဘဝလေးကို ချစ်ရတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC

သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ သမီးလေးဟာ ဖြူဖွေးတဲ့ အသားအရည် အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ကလးငယ်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေအားကျစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာ နောက်ထပ်ရင်သွေးငယ်လေးကိုလွယ်ထားရတဲ့အကြောင်းကို ပရိသတ်တွေထံအသိပေးလာခဲ့ပါတယ်။ 

PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC

သူမကတော့  "အရမ်းသိချင်နေတဲ့ချစ်တုန်းတွေပြောပြပီနော်အိတုန်လောဘကြီးပီးရှာနေတာလားတဲ့မဟုတ်ပါဖူးနော်ချစ်တုန်းတို့နောက်ထပ်ရောက်လာမဲ့အိတုန်ရင်သွေးလေးကောင်းမွန်စွာမွေးနိုင်အောင်အလုပ်တွေကဆက်လုပ်နေရပါမယ်ဒီထက်မကကြိုးစားရမယ်အိတုန်မှာကိုယ်ဝန်3လရှိပါပီဘယ်သူမှမပြောဘဲနေမလို့ဘဲဒါပေမဲ့ဒီနေ့ပျော်ပီးပြောချင်နေတာချစ်တယ်ချစ်တုန်းတွေဆုတောင်းပေးကြပါနော်သားသားလေးမွေးအောင် " ဆိုပြီးလူမှူကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ် ။

SOURCE :  EI EI TONE' S FACEBOOK ACC

PHOTO CREDIT : EI EI TONE' S FACEBOOK ACC
PHOTO CREDIT : EI EI TONE' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။