ယနေ့ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ တိုင်းရင်းသူလေးခင်လေးနွယ်ရဲ့ မွေးနေ့လေးဖြစ်ပြီး သုသုတစ်ယောက် ငယ်စဥ်တည်းက ခင်မင်ရတဲ့ ခင်လေးနွယ်ကို ငယ်ဘဝပုံရိပ်လေးနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။သူမကတော့ " Happy birthday Khin Lay Nweကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ ချစ်သော ခင်ခင်ဘဝရဲ့ ကျေးဇူးတင် ကျေးဇူးရှင် မင်းသမီးတွေထဲမှာ ခင်ခင်လည်းပါပါတယ် မာမီအောင်ဆိုင်က အလုပ်ထွက်ပြီး ဆိုင်ခဲွစဖွင့် ဆိုင်ဖွင့်တဲ့ အချိန်မှာ စလိမ်းတဲ့ မင်းသမီးတွေပါ ပေါချော ချောတနာ လိမ်းတော့ လိမ်းကြည့်ပါ အစင်ပြေတယ်ဆိုလို့ လိမ်းကြည့်ကြရင်းနဲ့ အစင်ပြေသွားတော့ ရိုက်ကူးရေး အကယ်ဒမီ ပွဲ ပြက္ခဒိန်ကစလိမ်းခွင့် ရခဲ့တာယနေ့ထက်တိုင်ပါပဲ" ဆိုပြီးရေးသားထားပါတယ်။

PHOTO CREDIT : NYI NYI MAUNG ' S FACEBOOK ACC
PHOTO CREDIT : NYI NYI MAUNG ' S FACEBOOK ACC

သူမကတော့ " အရင်ခေတ်က ဆိုပြက္ခဒိန်ရိုက်ပြီဆို IBC အင်းယားကန်စောင်းကအဆောက်ဦးမှာ စတုဒီယိုငြားရိုက်ကျပါတယ်အဲ့ချိန်အဲ့ခါကတော့ ဦးဌေးဝင်း (ဘဏ်)က ပြက္ခဒိန်ပိုစတာအများဆုံးရိုက်ရတဲ့ ဓါတ်ပုံဆရာပေါ့ရှင် ကျမက ပပဝင်းခင် နဲ့ မိတ်ကပ်လိမ်း ပြီး လိုက်သွား ကိုယ်မင်းသမီးမရိုက်ရသေးတော့ မိတ်ကပ်ခန်းထဲ စောင့်နေချိန်မှာ အခု ဘယ်သူရိုက်နေတာလဲ စပ်စု လိုက်တော့ခင်လေးနွယ် ရိုက်နေတာဆိုတော့ အဲ့ချိန်က တိုင်းရင်းသား မင်းသမီး အသစ်ကလေးလေ သူလိုရုပ်မျိုးအလှမျိုး ကလည်းရှားတယ် အပြင်မှာမမြင်ဘူးတော့ သွားစပ်စုတာပေါ့ရှင် အဲချိန်ထဲကမြင်ကွင်း ယနေ့ထက်တိုင်မျက်လုံးထဲက မထွက်တာ လှတာထက် ချစ်စရာလေး အသားလေးဖွေးဖွေးလေး မိတ်ကပ်ကလည်းပါးပါးလေးနဲ့လှ မတင်တင်မာ နဲ့ပဲလိမ်းတာ လေ မိန်းမမိတ်ကပ်ဆရာမ ရီ လိုက်ရင်လဲ မျက်စိပေါက်လေး ပျောက်သွားပြီးအရုပ်မလေးနဲ့တူပြီးချစ်စရာအရမ်းကောင်း အဲနေ့ကို မှတ်မိနေတာပါ ကိုယ်တွေက မိတ်ကပ် ဆရာပေမဲ့ကိုယ်ကြိုက်တဲ့မင်းသား မင်းသမီး ရဲ့ပရိတ်သတ်ပဲ ရုပ်ရှင်ရူးမလေးပါ" ဆိုပြီးရေးသာထားပါတယ်။

PHOTO CREDIT : NYI NYI MAUNG ' S FACEBOOK ACC
PHOTO CREDIT : NYI NYI MAUNG ' S FACEBOOK ACC

သူမကတော့ " ခင်ခင်တိုမိသားစုကရိုးတယ်အေးတယ် အကြီးဆုံးအမကလည်းအေးတယ် အများဆုံး ဆုံဖြစိတာတော့ ခင်ခင်ညီမလေး ပါနယ် နဲ့ က ကျမလိမ်းသမျှ နောက်ပိုင်းတောက်လျောက် အတူ အလုပ်တွဲလုပ်ခဲကြတောပေါ့ရှင် ပါနယ်လေး အိမ်ထောင်ကျတော့လဲ မန္တလေးထိ မင်္ဂလာပွဲကို ပြင်ဆင်ခွင့်ပေးလို့ ခင်ခင် ရဲ့ ပင်တိုင်မိတ်ကပ်ဆရာအပေါ်ထားတဲ့ စိတ်ကလေးချစ်ရပြန်ရော ပါနယ် တို့မိသားစုနဲ့လည်းယနေ့တိုင်မိသားစုလိုပါပဲမန္တလေးသွားတိုင်းတွေဖြစ်ပါတယ်ခင်ခင် က အရင်ကဆိုမိတ်ကပ်ပါးပါးပဲလိမ်းတာနောက်ပိုင်းမျက်လုံးတောက်လေးတွေချယ်ပေးတော့လဲလက်ခံပါတယ် မိတ်ကပ်သမားအပေါ် ချေးမများတဲ့ မင်းသမီးထဲသူလည်းတယောက်အပါအဝင်ပါ စိတ်လည်းပြည့်သလိုစကားလည်းနည်းတယ် ယနေ့ထက်တိုင်လည်းမိသားစု သဖွယ် ခင်မင်နေတုန်းပါ ချစ်သောခင်ခင် မွေးနေ့မှသည်နေ့ရက်တိုင်းပျော်ရွှင်ပါစေခင်ခင်ချစ်တဲ့ ပရိတ်သ တ်ကြီးလဲမွေးနေ့အတူဆုတောင်းလိုက်ရအောင်နော် ချစ်သော ညီညီမောင် စမ်းချောင်း (သုသု "ဆိုပြီးရေးသားထားပါတယ်။

SOURCE : NYI NYI MAUNG ' S  FACEBOOK ACC 

PHOTO CREDIT : NYI NYI MAUNG ' S FACEBOOK ACC
PHOTO CREDIT : NYI NYI MAUNG ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။