ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်လေးနွယ် ကတော့ ရိုးရှင်းအေးချမ်းပြီး တမူထူးခြားတဲ့အလှတရားတွေကြောင့်လည်း ချစ်စရာကောင်းနေတဲ့ သူလေးပဲဖြစ်ပါတယ်။ အနုပညာလောကမှာလည်း နေရာတစ်ခုကို ပရိသတ်တွေရဲ့ အားပေးချစ်ချစ်ခင်မှုတွေ နဲ့အပြည့်အဝရရှိနေခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အောင်မှုတွေရရှိနေတာဖြစ်ပါတယ်။

Photo Credit- Khin Lay Nwe
Photo Credit- Khin Lay Nwe

သူမရဲ့ ပင်ကိုယ်အလှတရားတွေကလည်း ယနေ့အချိန်ထိ နုပျိုနေဆဲဖြစ်ပြီ ဆယ်ကျော်သက်တွေ အရှုံးပေးရလောက်အောင်လည်း လှရက်နိုင်သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်လေးနွယ် ကတော့ ယနေ့အချိန်ထိ အိမ်ထောင်မပြုပဲအပျိုကြီးဘဝနဲ့ ရိုးရှင်းအေးချမ်းစွာဖြင့် ချစ်ရတဲ့ မိသားစု လေးနဲ့အတူ နေထိုင်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသူလေး ဖြစ်တာကြောင့် စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း နဲ့ စကားဝဲဝဲ ပြောဆိုတက်တာကြောင့် ပရိသတ်တွေ ချစ်အားပိုနေရသူလေးပဲဖြစ်ပါတယ်။

Photo Credit- Khin Lay Nwe
Photo Credit- Khin Lay Nwe

ယနေ့ ဧပြီလ (၃၀ )ရက်နေ့မှာဆိုရင် အချစ်တော်လေး ခင်လေးနွယ် ရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း " Happy Birthday to me Baby လေးကနေ ခု ၃၉ နှစ်အရွယ်ထိ မွေးဖွားပြုစုပေးခဲ့သော မိဘ ၂ ပါးကို ကျေးဇူးတင်ပါတယ်...မိဘတွေကိုချစ်လွန်းလို့ ဒီအရွယ်မှ အိမ်ထောင်ပြုတာပါလို့ " ဆိုပြီး ရေးသားထားပါသေးတယ်။ Happy Birthday ပါ အစ်မ ခင်လေးနွယ် အပြုံးပန်းလေးတွေ ဆင်မြန်ပြီ အမြဲပျော်ရွှင်ချမ်းမြေ့ကာ စိတ်ချမ်းသာမှုတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ပရိသတ်တွေနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်...။

Photo Credit- Khin Lay Nwe

Source -Khin Lay Nwe's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။