ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကို အခိုင်မာရရှိ ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ အသံချိုချိုလေးတွေဖြင့် ပရိသတ်တွေ နဲ့ ထပ်တူကျတဲ့ အချစ်၊အလွမ်း၊အမြူးစတဲ့ တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ရှိတာကိုလည်းတွေ့ရပါတယ်။ပိုပိုရဲ့သီချင်းတွေကလည်း လူငယ်ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားခဲ့ရတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။

Photo Credit- ပိုပို
Photo Credit- ပိုပို

အဆိုတော်ပိုပိုကတော့ အောင်မြင်နေတဲ့ အဆိုတော်တွေထဲမှာတစ်ယောက်ပါအဝင်ဖြစ်ပြီး အမိုက်စားပုံရိပ်လေးတွေအပြင် မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ ကျန်းမာရေးအခြေနေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပြီး အိမ်မှာနေတဲ့ အချိန်ကာလလေးမှာမိသားစုလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အနားယူနေခဲ့တာဖြစ်ပါတယ်။ယခုတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အလွမ်းပြေဖြစ်အောင် အိမ်မှာနေရင် ဓာတ်ဖမ်းထားတဲ့ ဆွဲမက်စရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- ပိုပို
Photo Credit- ပိုပို

ဒီပုံလေးတွေမှာလည်း ကြည်လင်ဝင်းပနေတဲ့ မျက်နှာလေးကတော့ မြင်မိသူတိုင်း ချစ်အားပိုစေလောက်မှာ အမှန်ပါနော်..။ ဒါ့အပြင် ပိုပိုကတော့ ဒီပုံလေးတွေနဲ့လည်း "နွေကျောင်းပိတ်ရက် တွေ လွမ်းနေပြီ အချစ်ရေ မျက်နှာကြီး မျိူးမို့ ပါးလေးတွေ ဝနေတာလား အစားအများကြီး စားလို့ ဝတာများလား " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဝဝကစ်ကစ်လေး နဲ့ တစ်မျိုးလေးဆွဲဆောင်ရှိရှိ ချစ်စရာကောင်းနေတဲ့ ပိုပို ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit- ပိုပို

Source - ပိုပို Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။