ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ အဋ္ဌမမြောက် အံ့သြဖွယ်နေရာတစ်ခုလို့ ပြောရမယ့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိရှိ အန်ကောဝပ် ရှေးဟောင်း အဆောက်အအုံအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မြေပြင်ပေါ်ရှိ အဆောက်အအုံတစ်ခုဟာ အန်ကောဝပ်ကဲ့သို့ လာရောက် လည်ပတ်သူများကို ဆွဲဆောင်မှုရှိရန် ခဲယဉ်းသော်လည်း အန်ကောဝပ်ဟာ ကမ္ဘာလှည့် ခရီးသည်ပေါင်း မြောက်များစွာကို စုပြုံပြီး ကြိတ်ကြိတ် တိုးနေစေတဲ့ အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။

photo credit pngtree

အန်ကောဝပ်သို့ ရောက်ရှိလာကြသူများဟာ ငြိမ်းအေးမှုနှင့်အတူ လျှို့ဝှက်နက်နဲမှုကို တွေ့ရှိနိုင်တာပါ။ ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှာ ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ပုထိုးအစုအဝေးဖြစ်တဲ့ အန်ကောဝပ်ကို တွေ့ရှိခဲ့ပြီးနောက် သုတေသီများက ငြိမ်းအေးမှုနှင့် လျှို့ဝှက်နက်နဲမှု အတွေ့အကြုံများကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

အန်ကောဝပ်ရဲ့ အံ့ဖွယ်ကို ဖြည့်ဆည်းပေးသော အရာများစွာရှိသည့်အနက် အန်ကောဝပ် အဓိက ကျောင်းတော်ကြီးဘေးရှိ ထင်ရှားသော တာဖရွမ်း ကျောင်းလည်းပါဝင်ပါတယ်။ တာဖရွမ်းဟာ မီတာ အနည်းငယ့်မြင့်တဲ့ ကျောက်တုံးကို ထုဆစ်ထားသော Bayon ကျောင်းတော်ဖြစ်ပြီး ပြင်သစ်တို့ ထားခဲ့တဲ့အတိုင်း မူလအတိုင်းနီးပါး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။