ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ ထူးခြားဆန်းပြား အံ့သြဖွယ်ကောင်းပြီး ခြောက်ခြားဖွယ်ကောင်းသော နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "St George's" ဘုရားကျောင်း နေရာကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

ထိုဘုရားကျောင်းကြီးဟာ နယ်သာလန် နိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။ အခုအချိန်ခါမှာတော့ ထိုကျောင်းကြီးကို ဘယ်သူမှ အသုံးမပြုတော့တာ ဖြစ်ပါတယ်။ "Jakub" ဆိုတဲ့ ပန်းပု အနု ပညာရှင်တစ်ယောက်က ထိုလူမနေတော့တဲ့ ဘုရာရှိခိုးကျောင်းကို အနုပညာ ဖန်တီးခြင်းသဘောဖြင့် သရဲရုပ်ထုတွေကို ဖန်တီးခဲ့တာပါ။

photo credit pngtree

အရုပ်တွေဖန်တီးတဲ့ နောက်ဆုံးနေ့မှာတော့ ဘုရားကျောင်းထဲ တစ်ယောက်တည်း ဝင်လာစဉ်ကြက်သီးတွေ ထပြီး မူးမေ့မသွား အောင်စိတ်ကို ထိမ်းခဲ့ရတာပါ။ အကြောင်းကတော့ ဒုတိယ တန်းမှာ ထိုင်နေတဲ့ သရဲရုပ်ထုက နောက်ပြန်လှည့်ထိုင်ပြီး အသက်ရှူနေတဲ့ပုံကို ရုတ်တရက် တွေ့ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါနဲ့ "Jakub" ဟာလည်း အလုပ်ကိစ္စကို ပြီးအောင်လုပ်ခဲ့ပေမဲ့ နောက်နောင် အရုပ်တွေကို ဘယ်တော့မှ မျက်နှာကို လှန်မကြည့်တော့ဘူးလို့ ဆိုထားခဲ့တာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။