ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ တစ်ခေတ်တစ်ခါထဲက အောင်မြင်ကျော်ကြားခဲ့သူပါ။ 

ခင်ဇာခြည်ကျော်က ထိမိပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။

ယခုအချိန်ထိလည်း သူမက အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။ 

Photo credit - Khin Zar Chi Kyaw's fb page

ခင်ဇာခြည်ကျော်က သားချောလေး တစ်ယောက်နဲ့ သမီးချောလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး ကလေးတွေကိုပါ အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးထားတာ ဖြစ်ပါတယ် ။ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပေမယ့် လူငယ်တွေနဲ့ အပြိုင် အလှတွေပိုနေဆဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က မကြာခဏဆိုသလို သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ တဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Khin Zar Chi Kyaw's fb page

ဒီနေ့မှာတော့ ခင်ဇာခြည်ကျော်က သူမရဲ့ မိဘတွေအတူ ငယ်ဘဝက အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံရိပ်လေးတွေအပြင် " ဖေဖေ နဲ့မေမေ ရယ် ဇာလေးရယ် ငယ် ငယ် က ဓာတ်ပုံလေး တွေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ ငယ်ငယ်ထဲကနေ အခုချိန်ထိ ငယ်ရုပ်မပြောင်းပဲ ပိုပိုလှလာတဲ့ ခင်ဇာခြည်ကျော်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ 

Photo credit - Khin Zar Chi Kyaw's fb page
Photo credit - Khin Zar Chi Kyaw's fb page

Source & Photo credit - Khin Zar Chi Kyaw's fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။