ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ အနုပညာမျိုးရိုးကဆင်းသက်လာသူတစ်ယောက်ဖြစ်တာကြောင့် သူမကလည်း ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။စမိုင်းလ်က ဟိုးအရင်တုန်းကဇာတ်ကားတွေ‌၊ကြော်ငြာတွေနဲ့ သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတစ်ယောက်ပါ။စမိုင်းလ်ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်း ယနေ့ထိတိုင်တစိုက်မက်မက်အားပေးလာကြတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်ကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို တစ်နိုင်တစ်ပိုင်လေးသာလုပ်ဆောင်နေပြီး မိသားစုအတွက်အချိန်ပိုပေးနေတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့မိသားစုကမ္ဘာလေးကလည်း သာယာအေးချမ်းပြီး လူအများ အားကျချစ်ခင်ရတာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးက အလှူအတန်းဆိုလည်းရက်ရောကြလို့ လိုအပ်တဲ့နေရာတွေကို မကြာခဏလှူဒါန်းနေတာပါနော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်ရဲ့ဖွားဖွား မင်းသမီးကြီးဒေါ်ခင်လေးဆွေကလည်း ယနေ့အချိန်ထိတိုင်ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားပြီး လှပနုပျိုနေဆဲပါနော်။စမိုင်းလ်ကတော့ အဖွားကို သေချာဂရုစိုက်ပေးပြီးလိုလေသေးမရှိအောင်ထားပေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ ခေါင်းမှာပိတောက်ပန်းတွေဝေနေအောင်ပန်ထားတဲ့ဖွားဖွားကို စမိုင်းလ်က ဓာတ်ပုံလှလှလေးရိုက်ပေးနေတာဖြစ်လို့ မြေးအဖွားနှစ်ယောက်ရဲ့ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

Source&Photo Credit:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။