အမိုက်စားဖက်ရှင်တွေကို ခပ်မိုက်မိုက်လေး ဝတ်ဆင်တတ်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ သိမ်းကြုံးရရှိထားတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးမှု နည်းနေပြီး ပွဲတက်အခမ်းအနားများနဲ့ ကြော်ငြာလေးတွေသာ ရိုက်ကူး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account

သူမကတော့အောင်မြင်မှုတွေကြောင့်လည်း အနုပညာအလုပ်တွေကိုမပြတ် တမ်းတောက်လျှောက်လုပ်ကိုင်ရပြီး သူမရဲ့အနုပညာတိုင်းကလည်း ပရိသတ်တွေမလွတ်တမ်းအားပေးနေရတာပါ။ ဝေဖန်မှုတွေရှိပေမယ့်အနုပညာတစ်ခုတည်း ကိုသာအာရုံထားကြိုးစားတာကြောင့် လည်းခုလိုအောင်မြင်နေတာပါ။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမိုက်စားဗီဒီယိုလေးတွေ ဝေမျှပေးလိုက် ပြန်ပြီပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account

ဒါကတော့ သွယ်လျလှပတဲ့ခန္ဓာကိုယ်လေးဖြစ်စေရန်လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သင်ဇာရဲ့ ကိုယ်လုံးလေးဟာလည်း မြင်ရသူတိုင်းကို ဟင်ကနဲ ဟာကနဲ ဖြစ်သွားရအောင်ကို လှရက်နိုင်လွန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် သင်ဇာဝင့်ကျော်ရဲ့ လေ့ကျင့်ခန်း လုပ်နေတဲ့ အမိုက်စား ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Thinzar Wint Kyaw’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။