ပရိသတ် အချစ်တော်မလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချော ရွှေသမီးကတော့ ယခုဆိုရင် အနုပညာလောကမှာ နေရာတစ်ခုကိုရရှိ ပိုင်ဆိုင်ပြီး အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတက်သူတစ်ယောက်ဖြစ်ပြီး သူမပြုံးလိုက်ရင်လည်း ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ ရွှေသမီးက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်ကျနတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို အပြည့်အဝရရှိနေသူလေးပဲ ဖြစ်ပါတယ်.....။

Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့်
Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့်

ရွှေသမီးက ကလေးလေးတစ်ယောက်လို ပွင့်လင်းရိုးသားပြီး မိဘအပေါ်မှာ သိတက်လိမ္မာလွန်းတဲ့ သမီးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ သူမက လှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေဆီကို မျှဝေပေးလျက်ရှိနေပြီး ယခုမှာလည်း ပိတောက်ပန်းလေးတွေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ဘဘာဝအတိုင်းလှနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်......။

Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့်
Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့်

ရွှေသမီးက ပိတောက်ပန်းလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေအပြင် " မွေးနေ့လလေးရဲ့ အမှတ်အသားပန်းလေးလို့ပြောရမလားပန်းလေးတွေကို ထိုင်ကြည့်ရတာနှစ်သက်သူတစ်ယောက်ပါ ပ်ိတောက်ပင်အောက်လေးမှာ သွားထိုင်ပြီးကြည့်နေချင်တယ် ခုတော့လက်ဆောင်ပေးလို့ ဒီလိုလေးဘဲထိုင်ကြည့်ရတယ်ကွယ်ချစ်တယ်" ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ မင်းသမီးချော ရွှေသမီး ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့်
Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့်

Source & Photo credit - ရွှေသမီး ဖေ့ဘွတ်အကောင့် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။